Powered by Blogger.

တရုတ်ပြည်မှာ ဘတ်စ်ကားဒရိုင်ဘာ မသိအောင် ခွေးကို ကလေးလိုထုတ်ပိုး သယ်ဆောင်




တရုတ်ဘတ်စ်ကားတစ်စီးပေါ်က လုံခြုံရေးကင်မရာတစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ “ အိမ်မွေးတိရိစ္ဆာန် သယ်ဆောင်ခွင့် မပြုတဲ့အတွက် သူ့ရဲ့ခွေးလေးကို ကလေးလို ပြင်ဆင်သယ်ဆောင်တာကို ရိုက်ကူးထားနိုင်ခဲ့ပါသတဲ့။

ဒီ ဗီဒီယိုထဲမှာ Zhengzhou က လုံခြုံရေးကင်မရာနဲ့ ရိုက်ကူးထားပြီး လူအများ စီးနင်းလိုက်ပါတဲ့ ဘတ်စ်ကားပေါ်ကို ကလေးငယ်လေးတွေကို အနှီးထုပ်သလို သူ့ခွေးလေးကို ထုပ်ပြီးသယ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

အမျိုးသမီးဟာ ဒရိုင်ဘာ သိသွားမှာကို စိုးရိမ်တဲ့အတွက် ခုလိုသယ်ဆောင်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ခွေးကလေးက အပြင်ကို ချောင်းကြည့်ချိန်မှာတော့ ဘတ်စ်ကားဒရိုင်ဘာက သိရှိသွားပြီး အမျိုးသမီးကို လှမ်းဆွဲပြီး တားမြစ်ခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment