Powered by Blogger.

California ရှိ Wizarding World of Harry Potter ကို ဧပြီ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မယ်




Universal Studios Hollywood အပန်းဖြေ ကစားကွင်းကြီးမှာ Wizarding World of Harry Potter ကို ဧပြီလ ၇ ရက်နေ့ကစပြီး ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

 “J.K Rowling ရဲ့ ၀ထ္တုနဲ့ ဇာတ်ကောင်တွေကို မှီငြမ်းထားပြီး Warner Bros. မှ ရိုက်ကူးထားတဲ့ နာမည်ကျော် ရုပ်ရှင်ကားတွေထဲကအတိုင်း ၅ နှစ်ကျော်ကြာ ဖန်တီးတည်ဆောက်ခဲ့တာကြောင့် တကယ့် အပြင်ကမ္ဘာလောကမှာ ကိုယ်တိုင်ခံစားနိုင်မယ့် Hogwarts ရဲတိုက်ကြီးအပါအ၀င် တခြားမှော်ဝင်ဇာတ်ဝင်ခန်းတွေကိုလည်း ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်လို့” သတင်းထုတ်ပြန် ကြေညာထားပါတယ်။

စာအုပ်နဲ့ ရုပ်ရှင်ကားတွေမှာပါတဲ့ အစားအသောက်တွေကိုလည်း Three Broomsticks and Hog's Head မှာ ရောင်းချပေးမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့ နာမည်ကျော် နေရာတွေဖြစ်တဲ့ Honeydukes, Ollivanders, Owl Post, Zonko's Joke Shop, Wiseacre's Wizarding Equipment, Dervish and Banges, Gladrags Wizardwear and Filch's Emporium of Confiscated Goods တွေမှာလည်း ဈေးဝယ်ထွက်နိုင်မှာ ဖြစ်ပါတယ်။

Florida's Universal Studios နဲ့ Islands of Adventure အပန်းဖြေကစားကွင်းတွေမှာ သူတို့ကိုယ်ပိုင် နာမည်ကျော်ကြားတဲ့ Wizarding World of Harry Potter ဖွင့်လှစ်ပြီးဖြစ်ကာ လာရောက်အပန်းဖြေတဲ့ ဧည့်သည်တွေလည်း အမြားအပြားရှိတယ်လို့ သိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment