Powered by Blogger.

ဒေါက်မြင့်ဖိနပ်စီးသူတွေအတွက် New York မြေအောက်ဘူတာရုံဂိတ်တွေမှာ လျှောက်လမ်းများ ထည့်သွင်းပေးထား





New York ရှိ Metropolitan Transportation တာဝန်ရှိသူတွေက ဒေါက်မြင့်ဖိနပ်စီးသူတွေအတွက် ပုံစံအသစ်ဖြစ်တဲ့ လျှောက်လမ်းတွေကို Manhattan မှာ ထည့်သွင်းတည်ဆောက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဘူတာရုံဂိတ်တွေမှာ လမ်းလျှောက်တဲ့အခါ ဒေါက်အမြင့်တွေနဲ့ အခက်အခဲဖြစ်ရတယ်လို့ ဒေါက်မြင့်ဖိနပ်စီးသူတွေရဲ့ ဝေဖန်ချက်တွေကြောင့် ခုလို ပုံစံသစ်လျှောက်လမ်းတွေကို ဒီဇိုင်းဆွဲဆောက်လုပ်ပေးတော့မှာဖြစ်တယ်လို့ MTA က ဆိုပါတယ်။

ဒီ ဒီဇိုင်းသစ်က မျက်နှာပြင်ပြောင်ချောမှုမရှိဘဲ လက်မ၀က်ခန့်စီ ခြားပြီး ဖြတ်မျဉ်းတွေထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 “ ဒေါက်မြင့်ဖိနပ်စီးသူတွေကတော့ လုံခြုံဘေးကင်းပြီး ပျော်ပျော်ပါးပါး သွားလာနိုင်တော့မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြသွားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment