Powered by Blogger.

ဆင်းမယ့်ဘူတာကျော်သွားလို့ ခုတ်မောင်းနေတဲ့ ရထားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား




ဒီ ထူးဆန်းတဲ့ ဗီဒီယိုတစ်ခုကတော့ အမျိုးသားတစ်ယောက် ရထားစီးနေရင်း ဆင်းမယ့် ဘူတာကို ကျော်သွားတာကြောင့် ရွေးလျားနေတဲ့ ရထားပေါ်ကနေ ခုန်ချခဲ့တဲ့ အခိုက်အတန့်ကို အမိအရ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ ပြည်သူ့သယ်ယူပို့ဆောင်ရေး ယာဉ် ဖြစ်တဲ့ မြေအောက်ရထား ပေါ်က လူဝင်လူထွက် စလိုက်တံခါးနားမှာ ရပ်နေပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရထားရွေ့လျားနေရင်းနဲ့ ထို လူဝင်လူထွက် တံခါးကို ဆွဲဖွင့်လိုက်တဲ့အတွက် အခြား ခရီးသည်တွေအားလုံးက အော်ဟစ် သတိပေးနေကြပါတယ်။

စက္ကန့်ပိုင်းအကြာမှာပဲ ထိုအမျိုးသားက သူဆွဲဖွင့်ထားတဲ့ လူဝင်လူထွက် တံခါးပေါက်ကနေ အပြင်မှာရှိတဲ့ ရထားလမ်းဘေး ပလက်ဖောင်းပေါ်ကို ခုန်ချလိုက်ပါတယ်။ ဒါပေမယ့် ရထားက ပုံမှန်အရှိန်နဲ့ ရွေ့ လျားနေတာဖြစ်တာကြောင့် သူ ပလက်ဖောင်းပေါ်ရောက်တဲ့အခါမှာ တလိမ့်ကောက်ကွေး လဲကျသွားခဲ့ရပါတယ်။

ထို ဗီဒီယိုကိုတော့ Stafford Brithers က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Facebook ပေါ်တင်ထားခဲ့တာဖြစ်ပါတယ်။ အခိုင်အမာ သိခဲ့ရတာတစ်ခုကတော့ ထိုအမျိုးသားဟာ သူဆင်းမယ့် ဘူတာကို လွဲချော် သွားတာကြောင့် ရထားပေါ်က ခုန်ချခဲ့တာ ဖြစ်ပါတယ်။ထိုဗီဒီယိုဟာ တဆင့်ထက်တဆင့် လူသိများသွားပြီး လူမှုမီဒီယာ တွေပေါ်မှာ ကြည့်ရှုသူ ၁ သန်းကျော် ရှိခဲ့တယ်လို့သိရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ထိုအမျိုးသားအနေနဲ့ ဒဏ်ရာရရှိခဲ့ခြင်း ရှိ/မရှိကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment