လူတွေနဲ့ ပိုမိုယဉ်ပါးလာတဲ့ ခိုအာလာ ၀က်ဝံလေး Polly
သြစတြေးလျနိုင်ငံရှိ ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ပြီး ပြန်လည်ကျန်းမာလာအောင် ပြုစုစောင့်ရှောက်ပေးနေရတဲ့ ခိုအာလာဝက်ဝံငယ်လေးဟာ သူ့နာမည်ကို ခေါ်ရင် ပြန်လည်တုံ့ပြန်တတ်နေပြီး သူ့ကို စောင့်ရှောက်ပေးနေသူအပေါ် မှီတွယ်တက်တတ်နေပါပြီတဲ့။
ဗီဒီယိုထဲမှာတော့ ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ Peter က Polly နာမည်ကိုခေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
Polly က သစ်ပင်ငယ်လေးပေါ်ကနေ ဆင်းလာပြီး ကြမ်းပြင်ကို ဖြတ်လျှောက်ခါ Peter ဆီကို သွားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ Peter ကတော့ “ ခိုအာလာ ၀က်ဝံကို အိမ်မွေးအချစ်တော် တိရိစ္ဆာန်အဖြစ် မွေးထားတဲ့သူ မရှိဘူးမလား? “ နောက်ပြောင်ပြောကြားထားပါသေးတယ်။
“အပေါ်တက်ခဲ့” လို့ ပြောတဲ့အခါမှာတော့ Polly လေးက သူ့လက်မောင်းကို တွဲခိုပြီး တက်လာပါတယ်။
Polly က Peter ရဲ့လက်မောင်းကို ဖွဖွလေးကိုက်ပြီး မျက်နှာနားထိ တွယ်တက်ကာ ချစ်ခင်ကြောင်းပြသခဲ့ပါသတဲ့။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment