Powered by Blogger.

နယူးယောက်မြို့က ဘောင်းဘီချွတ်ပြီး မြေအောက်ရထားစီးတဲ့ လှုပ်ရှားမှု





နယူးယောက်မြို့က မြေအောက်ရထားဘူတာတွေမှာတော့ ဘောင်းဘီမပါဘဲ အောက်ခံဘောင်းဘီတွေနဲ့သာ ရထားစီးနေကြတဲ့သူတွေကို ထူးထူးခြားခြားတွေ့မြင်နေရပါတယ်။ သူတို့ဟာ " ၁၅ ကြိမ်မြောက် ဘောင်းဘီချွတ်ပြီး မြေအောက်ရထားစီးတဲ့ လှုပ်ရှားမှု " ကို ပါဝင်ဆင်နွှဲနေကြတာပါ။



သူတို့ဟာ ဒီလှုပ်ရှားမှုကို ၂၀၀၂ ခုနှစ်တုန်းက လူခုနစ်ယောက်တည်းနဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး တဖြည်းဖြည်းတိုးတက်လာတဲ့ လှုပ်ရှားမှုဖြစ်နေပါပြီ။




၂၀၀၆ ခုနှစ်အရောက်မှာတော့ ဒီလှုပ်ရှားမှုမှာ လူ ၁၅၀ အထိ ပါဝင်လာခဲ့ပြီး သူတို့ဟာ အခြားမြေအောက်ရထားစီးတဲ့သူတွေကို ဟာသဖြစ်စေဖို့နဲ့ ဘောင်းဘီမပါဘဲ ရထားစီးတဲ့ အရသာကို ခံချင်လို့ ဖြစ်တယ်လို့သိရပါတယ်။ အခုလို လှုပ်ရှားမှုကိုတော့ နယူးယောက်မြို့က နေရာခုနစ်ခုမှာ လုပ်ဆောင်ခဲ့ကြပြီး သာမန်ခရီးသွားတွေကတော့ သူတို့ကို အနည်းငယ် ကသိကအောက်ဖြစ်နေတဲ့ ပုံစံတွေကိုလည်း တွေ့မြင်ရပါတယ်။




အခုလိုလှုပ်ရှားသူတွေကတော့ အခုလိုပြုလုပ်လိုက်ချိန်မှာ သူတို့ဟာ သာမန်ထက်လည်း ပိုထူးဆန်းသွားတယ်လို့ ပြောခဲ့ကြပြီး
ဆောင်းတွင်းရဲ့ အအေးဒဏ်ကို လိုက်လျောညီထွေနေထိုင်တတ်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။



လူခုနစ်ယောက်ကနေ စတင်ခဲ့တဲ့ အခုလို လှုပ်ရှားမှုဟာ နိုင်ငံပေါင်း ၅၅ နိုင်ငံအထိ ပါဝင်ဆင်နွှဲနေကြပြီဖြစ်ပြီး နယူးယောက်နဲ့ အလားတူတစ်ချိန်တည်းမှာပဲ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာလည်း လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။





( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment