Powered by Blogger.

ကိုယ်ဝန်သည်ဇနီးရဲ့ ဗိုက်ကိုလက်သီးနဲ့ အဆက်မပြတ်ထိုးခဲ့တဲ့ အမျိုးသား




လန်ဒန်မြို့ပေါ်က လူစည်ကားရာ လမ်းတစ်လမ်းမှာတော့ လင်မယားနှစ်ယောက်အကြီးအကျယ် စကားများရန်ဖြစ်နေကြပြီး အမြင်မတော်သူတွေကတော့ ဝင်ရောက်ဖျန်ဖြေပေးနေကြပါတယ်။ ဘာကြောင့် အခုလို ဝင်ရောက်ဖျန်ဖြေပေးနေရလဲဆိုရင်တော့ မိန်းမဖြစ်သူရဲ့ ကိုယ်ဝန်အရင့်အမာရှိနေတဲ့ ဗိုက်ကို ရည်းစားဖြစ်သူက လက်သီးနဲ့ ထိုးဖို့ ကြိုးစားနေခဲ့လို့ပါ။

သူတို့နှစ်ယောက်ဟာ ကလေးဖြစ်သူအတွက် ကလေးအသုံးအဆောင်တွေဝယ်ယူနေချိန်အတွင်းမှာ ဆိုင်တွင်းမှတည်းက ကဆောက်ကဆဖြစ်ခဲ့ကြပြီး ဆိုင်တာဝန်ရှိသူတွေက တခြားဝယ်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာကြောင့် ဆိုင်ပြင်ကို ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ဆိုင်ပြင်မှာတော့ သူတို့နှစ်ယောက်ဟာ ဆက်ပြီး ပြဿနာတက်ခဲ့ကြပြီး ကိုယ်ဝန်သည် ဇနီးရဲ့ ဗိုက်ကို လက်သီးနဲ့ထိုးပြီး မြေပြင်ပေါ်ကို လှဲချဖို့ ကြိုးစားခဲ့ပါတယ်။


အခုလိုဖြစ်ခဲ့တာကြောင့် အနီးနားပတ်ဝန်းကျင်ကလူတွေက မနေနိုင်တော့ဘဲ ဝိုင်းဝန်းဖျန်ဖြေခဲ့ရပြီး ရန်ပွဲကို ငြိမ်းစေခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ ဗီဒီယိုဟာသအနုပညာရှင်တွေဖြစ်ပြီး အမျိုးသမီးတွေကို နှိပ်စက်မှုတွေကို ရပ်တန့်ဖို့ အခုလို သရုပ်ဖော်ခဲ့တာပါ။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်လွန်းလို့ သူတို့နှစ်ယောက်ကို ဟာသပညာရှင်တွေမှန်း ဘယ်သူကမှ မသိခဲ့ကြပါဘူး။

" ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်အပျက်တွေအမြဲလိုလို ဖြစ်ပေါ်နေခဲ့တာပါ။ ဒီလိုအဖြစ်အပျက်မျိုးတွေတွေ့ရင် ရပ်တန့်နိုင်အောင် အားထုတ်ပေးကြပါ " လို့  ပါဝင်သရုပ်ဆောင်သူအမျိုးသမီး Tom An Nicole  က ဆိုပါတယ်။





( Paing A K )



#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment