ငှားရမ်းတည်းခိုနေတဲ့ အိမ်မှာ ဆေးခြောက်စိုက်ပျိုးထားတာကို တွေ့ရှိပြီး မိသားစုတစုလုံး ဖမ်းဆီးခံရ
သြစတေးလျ မိသားစုတစ်စုဟာ အပန်းဖြေခရီးထွက်ရင်း ရဲတွေရဲ့ ၅နာရီကြာဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ရဲတွေက သူတို့ ငှားရမ်းတည်းခိုနေတဲ့အိမ်မှာဆေးခြောက်တွေ စိုက်ပျိုးထားတာကိုတွေ့ရှိခဲ့လို့ ထိန်းသိမ်းဖမ်းဆီးခဲ့တာပါ။
Jacuquie Young နဲ့ Dieter Winkler တို့ကတော့ Burleigh က အဲ့အိမ်ကို သူတို့ရဲ့ကလေးတွေနဲ့ အပန်းဖြေ အနားယူခဲ့တယ်လို့ပြောပါတယ်။ အိမ်ပိုင်ရှင်က သူတို့ကို စာအုပ်စင်နဲ့ကာထားတဲ့ သော့ခတ်ထားတဲ့အခန်းနားမသွားဖို့ မေတ္တာရပ်ခံ ခဲ့တယ်လို့ထွက်ဆိုခဲ့ကြပါသတဲ့။
လင်မယားနှစ်ယောက်ကတော့ သော့ခတ်ထားတဲ့အခန်းထဲက ရေလောင်းနေတဲ့အသံကို ကြားခဲ့ပေမဲ့လည်း အမှတ်တမဲ့နေခဲ့မိကြကြောင်း ပြောကြားထားပါတယ်။
မိသားစုတစ်စုလုံးဟာ မှားယွင်းဖမ်းဆီးခံရတာ ဖြေရှင်းပြီးနောက်မှာ ပြန်လည်လွတ်ပေးခဲ့ပါတယ်။
“နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒါကို ရယ်စရာအဖြစ်ပြန်ပြောကြမှာပါ ဒါပေမယ့် ကျွန်တော်တို့က အားလပ်ရက်မှာအကောင်းဆုံးအနာယူခဲ့ချင်တာ ခုလောလောဆယ် နည်းနည်းစိတ်ပျက်မိပါတယ်။ “ လို့ Young က BBC ကိုပြောပါတယ်။
အိမ်ပိုင်ရှင် အသက် ၄၀ အရွယ် မိန်းမကြီးကတော့ တရားမ၀င် အန္တရာယ်ဖြစ်စေသောဆေးဝါးများထုတ်လုပ်မူဖြင့် ဖေဖော်ဝါရီလထဲမှာတရားရင်ဆိုင်ရမှာပါ။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment