Powered by Blogger.

လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီး Hannah ရဲ့  မိသားစုဝင်တွေကို "အိမ်ပြန်ပြီးနောက်တစ်ယောက်မွေးဖို့" ထိုင်းရဲတွေပြော




ထိုင်းနိုင်ငံမှာ ရောက်ရှိနေစဉ် မုဒိမ်းကျင့်ပြီး အသတ်ခံလိုက်ရတဲ့ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ရဲ့ မိသားစုဝင်တွေအခိုင်အမာဆိုခဲ့ကြတာက ထိုင်းအာဏာပိုင်အဖွဲ့ဟာ  သူတို့ကို အိမ်ပြန်ပြီး နောက်တစ်ယောက်မွေးဖို့ အပြောခံလိုက်ရတယ်ဆိုတာပါပဲ။

အသက် ၂၃ နှစ်အရွယ် Hannah Witheridge ဆိုသူ ဗြိတိန် အမျိုးသမီးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံက လိပ်ကျွန်းလို့လူသိများတဲ့ Koh Tao ကျွန်းစွယ်မှာ မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်သလို သူမနဲ့အတူ ခရီးထွက်ခဲ့တဲ့ David Miller ဟာလည်း အသတ်ခံလိုက်ရပါတယ်။

Hannah ရဲ့  အမ ဖြစ်သူ Laura က Facebook Post တစ်ခုအတွင်း ထိုင်းအာဏာပိုင်တွေရဲ့ အမှုကို ကိုင်တွယ်ပုံနဲ့ သူမတို့ မိသားစုကို ဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီးဝေဖန်ရေးသားခဲ့ပါတယ်။ သူမ အခိုင်အမာပြောပြာလာတာက ထိုင်းနိုင်ငံ ရဲ တပ်ဖွဲ့ဟာ သူမတို့မိသားစုကို "မင်းတို့ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်နေတာလဲ? အိမ်ပြန်ပြီး နောက်ထပ်တစ်ယောက်မွေးနိုင်ဖို့ လုပ်ကြပါလား" လို့ ပြောခဲ့ပါတယ်တဲ့။

"မင်းတို့ဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ ၊ သူမဟာ ရက် ၃၀ အတွင်း တစ်ခုခု အဖြစ် ပြန်ရောက်လာမှာပါ။ နောက်တစ်ကြိမ်တော့ သူမ ကံပိုကောင်းလာတော့မှာပါ" လို့ Laura က ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရသိရပါတယ်။ Laura ရဲ့  ပြောကြားချက်အရ ထို Koh Tao ကျွန်းစွယ်မှာ လူသတ်မှုပေါင်းများစွာဖြစ်ခဲ့ပြီး ထိုလူသတ်မှုတွေဟာလည်း အမှုမှန်ပေါ်နိုင်ချေရှိရဲ့ သားနဲ့ သေကြောင်းကြံစည်မှု မတော်တဆ မှုတွေအဖြစ် ဖုံးကွယ်ခံလိုက်ရတယ်လို့လည်း သိရပါတယ်။

Laura ဟာ သူမ ထို Koh Tao ကျွန်းစွယ်မှာရောက်ရှိနေစဉ်မှာပဲ အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံရတာတွေရှိသလို ၊ မှုခင်းမြင်ကွင်း ဓါတ်ပုံတွေကိုလည်း ထိုင်းနိုင်ငံသားတွေ ပေးပို့တာ ခံခဲ့ရတယ်လို့ ပြောကြားထားကြောင်း The Independent သတင်းအရ သိရပါတယ်။ လက်ရှိမှာ Hannah နဲ့ David တို့ကို အသတ်ခံခဲ့ရမှုမှာ အပြစ်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦး ဇော်လင်းနဲ့ ဝေဖြိုးတို့ဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့အတွက် အတင်းအကြပ် ဖိအားပေး ခိုင်းစေခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒါကိုတော့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment