Powered by Blogger.

ခရီးသည်တစ်ယောက်တည်းအတွက် ဆက်လက်ပြေးဆွဲနေတဲ့ ဂျပန် ရထား






ပြီးခဲ့တဲ့ ၃ နှစ်တာ အချိန်ကာလအတွင်း ရထား ကုမ္မဏီတစ်ခုဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းက ဘူတာငယ်လေးတစ်ခုမှာ ခရီးသည်တစ်ယောက်ကို တင်ဆောင်ဖို့အတွက် အမြဲတမ်း ရပ်နားခဲ့ရပါတယ်။

ပြီးရင်ညနေပိုင်းမှာလည်း အဲဒီဘူတာမှာပဲ ထိုတစ်ယောက်တည်းသော ခရီး ပြန်လည်ဆင်းသက်ဖို့အတွက် နောက်တစ်ကြိမ် ထပ်မံ ရပ်နားရပြန်ပါတယ်။ အဲဒီ တစ်ယောက်တည်းသော ခရီးသည်ကတော့ ကျောင်းသူလေးတစ်ဦး ဖြစ်ပြီး သူမဟာ Kami-Shirataki ဘူတာကနေ နေ့စဉ် မနက် ၇:၀၄ နာရီမှာ ကျောင်းတက်ဖို့ ရထားစီးပြီး ကျောင်းဆင်းရင်လည်းထိုရထားနဲ့ပဲ ၅:၀၈ နာရီမှာ ရထားပေါ် က ဆင်းနေကြဖြစ်တယ်လို့သိရပါတယ်။

ဟုတ်ပါတယ်။ သူမဟာ တစ်ဦးတစ်ယောက်တည်း ရထားပို့ဆောင်ခြင်း ၀န်ဆောင်မှုကို ပိုင်ဆိုင်ထားတာပါ။ထိုရထား ပြေးဆွဲတဲ့ ကုမ္မဏီဖြစ်တဲ့ Hokkaido Railway ကုမ္မဏီ ဟာ တရုတ်နိုင်ငံ CCTV သတင်းဌာနက သူတို့ကုမ္မဏီအကြောင်း သတင်းဖော်ပြထားပြီးနောက်ပိုင်းမှာ ခရီးသည်တိုင်းရဲ့ စိတ်ချမ်းသားမှုကိုသာ ဦးစားပေးလာခဲ့ပါတယ်။

ကုမ္မဏီအနေနဲ့ ဒီရထားပြေးဆွဲတဲ့ ခရီးစဉ် ဟာ အသုံးမ၀င်တော့တဲ့အတွက် ဖျက်သိမ်းဖို့ စီစဉ်နေပါပြီ။ ဒါပေမယ့်လည်း နေ့စဉ်စီးနင်းနေတဲ့ တစ်ဦးတည်းသော မိန်းကလေးဟာ အထက်တန်းကျောင်း ကို မတ်လမှာမှ တက်ရောက်မှု ပြီးစီးမှာဖြစ်တဲ့အတွက် ရထား ကုမ္မဏီကလည်း လူမရှိတဲ့ ခရီးစဉ်ကို မတ်လ ၂၆ ရက်နေ့အထိ ဆက်လက်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment