Powered by Blogger.

မြွေကိုနမ်းဖို့ကြိုးစားခဲ့တဲ့ ခရီးသွားတစ်ယောက် နှာခေါင်းကို မြွေပေါက်ခံရ



ဒီခရီးသွားဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကဖြစ်ပြီး  ဖူးခက်ကမ်းခြေက မြွေဥယာဉ်ကို သူ့အဖွဲ့နဲ့  တနင်္ဂနွေနေ့က လည်ပတ်နေတုန်း မြွေထိန်းကျောင်းသူက မြွေတစ်ကောင်ကို နမ်းကြည့်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။

တိုးရစ်က မြွေနားကို ကပ်သွားတဲ့အခါမှာတော့ မြွေက ရုတ်တရက် ခေါင်းကိုလှည့်ပြီး တိုးရစ်အမျိုးသမီးနှာခေါင်းကို ပေါက်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးကို ဖူးခက်အပြည်ပြည်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကာ အဆိပ်မရှိတဲ့စပါးကြီးမြွေ ကိုက်ခံလိုက်ရတဲ့ဒဏ်ရာကို ကုသပေးခဲ့ပါတယ်။
မြွေဥယာဉ်ကတော့ သူ့ကို ဒေါ်လာ ၃၃၀၀ လျော်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။

“ တိုးရစ်တွေကို ခုလို မြွေတွေနဲ့ နမ်းရှုပ်ထိတွေ့ခွင်ပြုပြီး နောက်ပိုင်း ဒီလိုမျိုး မြွေကတစ်စုံတစ်ယောက်ကိုကိုက်တယ်ဆိုတာ ဒီအဖြစ်အပျက်က ပထမဆုံးဖြစ်တယ်” လို့ ဥယာဉ်က တာဝန်ရှိသူက ပြောပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment