Powered by Blogger.

ဆိတ်ကလေးတွေကို ပွေ့ဖက်ပေးဖို့ လုပ်အားပေးတွေကို ရှာဖွေနေ





Virginia မှ စိုက်ပျိုးမွေးမြူရေးခြံများသည် လာမည့် ဖေဖော်ဝါရီလတွင်မွေးဖွားမယ့် ဆိတ်လေးတွေအတွက် လုပ်အားပေး အလုပ်သမားတွေကို ရှာဖွေနေကြပါတယ်။

Virginia ပြည်နယ်ရဲ့ Albermale စီရင်စုမှာ Caromont Farm မှာ လုပ်အားပေးလိုတဲ့သူတွေဟာ  Feb ၇ရက်နေ့ကစပြီး Four Shifts အတွက်စာရင်းပေးနိုင်ပါတယ်။

" စိုက်ပျိုးမွေးမြူရေးခြံတွေမှာတော့ ဆိတ်နို့ကနေ ချိစ့် ကို ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် ဆိတ်မတွေဆီကနေ နို့ကိုယူစဉ်မှာတော့ လုပ်အားပေးတွေက ဆိတ်လေးတွေကို နို့ဘူးတိုက်ကျွေးရမှာဖြစ်ပြီး နွေးနွေးထွေးထွေး ဖြစ်စေဖို့ ဖက်ထားပေးရမှာပါ။ ပြီးတော့ ဆိတ်လေးတွေကို ဆွယ်တာအသေးလေးတွေကိုလည်းဝတ်ပေးထားမှာပါ။ "

 “ကျွန်မတို့ ဘယ်လိုလုပ်ကိုင်နေကြလဲဆိုတာကို စားသုံးသူတွေ လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ သူတို့စားတဲ့အစားအသောက်တွေ ဘယ်ကရလာလဲဆိုတာ ကြည့်စေချင်ပါတယ်”  လို့ Caromont စိုက်ပျိုးမွေးမြူရေးခြံက အလုပ်သမား Isabella Zechini က ပြောပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment