Powered by Blogger.

မီးထွန်းထားတဲ့ ဖယောင်းတိုင်တွေကို လေလည် ပြီး မီးငြှိမ်းပြခဲ့တဲ့ အမျိုးသား




လူတစ်ချို့  ဟာ ဘောလုံးအားကစား မှာ သူရဲ ကောင်းတွေပါ ၊ တစ်ချို့ ကတော့ သချာင်္ ဆရာကြီးတွေပါ။ ဒါပေမယ့် လူတိုင်းမှာ အရည်အချင်းတစ်ခုစီ ရှိကြပါတယ်။ နည်းတာများတာ ပဲ ကွာသွားတာပါ။

ဒီ လူတစ်ယောက်ကိုပဲ ဥပမာ ကြည့်လိုက်ပါ။ဒီအမျိုးသားဟာ သူ့ရဲ့  သဘာဝ ခန္ဓာကိုယ် လုပ်ဆောင်ချက် တစ်ခုကို အသုံးပြုပြီး မီးထွန်းထားတဲ့ ဖယောင်းတိုင်တွေကို ငြှိမ်းသတ်ပြပြီး ကမ္ဘာ့စံချိန် တင်နိုင်လိမ့်မယ်လို့လည်း အခိုင်အမာဆိုထားသူ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက Gerard Jessie ဆိုသူဟာ သူ့ရဲ့ သာမန် မဟုတ်တဲ့ အရည်အချင်းတစ်ခုက သူ့ကို အောင်မြင်မှု အနည်းငယ်ရလာစေမယ်လို့ မျှော်လင့်နေပါတယ်။ သူလုပ်ပြခဲ့တဲ့အရာကတော့ မီးထွန်းထားတဲ့ ဖယောင်းတိုင် ၅ တိုင်ကို တစ်ချိန်တည်းမှာ ဆက်တိုက် လေလည် ပြီး ငြှိမ်းသတ်ပြခဲ့တာပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ လုပ်ရပ်ကို တရားဝင် ကမ္ဘာ့စံချိန်တင် အဖြစ်သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

"ကျွန်တော်လည်း အခြေခံ အချက်အလက် တွေကို စစ်ဆေးကြည့်ပြီးပါပြီ။ ဒါပေမယ့် ဒီလိုစံချိန်မျိုးဟာ ဂင်းနစ် ကမ္ဘာ့စံချိန် အဖြစ် သတ်မှတ်လို့မရနိုင်ပါဘူး" လို့ ဂင်းနစ် ကမ္ဘာ့စံချိန် ဌာနရဲ့  ပြောရေးဆိုခွင့်ရှိသူက Metro သတင်းဌာနကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment