Powered by Blogger.

ခရစ္စမတ်နေ့မှာ ဆိတ်တစ်ကောင်နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသား အဖမ်းခံထားရ





အမျိုးသားတစ်ယောက်ဟာ ခရစ္စမတ် ပွဲတော်ကျင်းပနေစဉ်မှာ ဆိတ်တစ်ကောင်နဲ့ လိင်ဆက်ဆံ ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ရဲ တွေရဲ့  ပြောကြားချက်အရတော့ အမေရိကန်ပြည်ထောင်စု ၊ Oklahoma မြို့ တော်က Chisholm မှာ တိုင်ကြားမှုရှိတာကြောင့် သွားရောက်ခဲ့ရပါတယ်။ ရဲတွေကို တိုင်ကြားခဲ့တာကတော့ မျက်မြင်သက်သေတစ်ဦးဟာ အမျိုးသားတစ်ယောက် ဘောင်းဘီချွတ်ပြီး ဆိတ်တစ်ကောင်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာကို CCTV လုံခြုံရေး ကင်မရာ မှာ တွေ့လိုက်ရတယ်ဆိုပြီး တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

ထို မျက်မြင်သက်သေဟာ ဆိတ် ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့  ပြောကြားချက်အရ ထိုအမျိုးသား ဟာ ဆိတ်နဲ့ လိင်ဆက်ဆံနေတာကြောင့် မျက်မြင်သက်သေက သေနတ်ယူ ပြီး ရဲတွေမလာခင်အထိ ထိုအမျိုးသားကို သေနတ်နဲ့ ချိန်ရွယ်ပြီး ထိန်းထားခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေရဲ့  ပြောကြားချက်အရဆိုရင်တော့ သူပိုင်ဆိုင်တဲ့ ဆိတ်တွေကို အလားတူဖြစ်ရပ်မျိုး ပြုမူတာ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ဘူးလို့လည်း သိရပါတယ်။

အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ Darryl Gene Scoggin ကိုတော့ ရဲတပ်ဖွဲ့က တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment