Powered by Blogger.

သြစတေးလျက အမျိုးသမီးရဲ့ ရေခဲသေတ္တာ အောက်မှာတွေ့ရှိခဲ့တဲ့ ကိုယ်ဝန်ဆောင် မြွေမကြီး







သြစတေးလျ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ရေခဲသေတ္တာအောက်မှာ ကိုယ်ဝန်ဆောင်နေတဲ့ အဆိပ်ပြင်းမြွေမကြီးကို တွေ့ရှိပြီး အိမ်မှာတောင် မနေရဲတော့ပါဘူးတဲ့။

မြွေမကြီးကို မြွေဖမ်းသူ Adelaide က ဖမ်းယူနေတဲ့ ဗီဒီယို ဖိုင်ကိုလည်း You Tube မှာ တင်ထားခဲ့ပါတယ်။ မြွေကို အိမ်ကနေ ဖယ်ရှားပြီးနောက်မှာ မြွေဖမ်းသူက ကိုယ်ဝန်ဆောင်ထားမှန်း သိရှိသွားပြီး ဥပေါင်း ၁၄ ဥ ဥခဲ့ကာ သူကပဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

 “ ဒီကံကောင်းတဲ့အမျိုးသမီးက ရေခဲသေတ္တာအောက်က မြွေခေါင်းထွက်နေတာကိုမြင်လိုက်ရပြီး ချက်ချင်းပဲ မြွေဖမ်းကျွမ်းကျင်သူကို လှမ်းခေါ်လိုက်တာပါ” လို့ Facebook ပို့စ် မှာရေးသားထားပါတယ်။ တစ်နည်းပြောရင်တော့ အခြေအနေတွေက နည်းနည်းပြောင်းလဲသွားတာပါ အဲလိုမှမဟုတ်ရင် နောက်လအနည်းငယ်အတွင်းမှာ သူ မီးဖိုချောင်ထဲကို လမ်းလျှောက်သွားတဲ့အခါ မြွေလေးတွေ ခြေချင်းလိမ်နေတာကို တွေ့ရမှာပေါ့ ” လို့လည်း ရေးသားထားပါတယ်။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment