Powered by Blogger.

သာမန်ဘောလုံးထက်ပေါ့ပါးတဲ့ အမျိုးသမီးသီးသန့်ဘောလုံး "Ladyball" ထွက်ပေါ်လာ




ကမ္ဘာပေါ်က နိုင်ငံအများစုဟာ အမျိုးသမီးတွေကို အားကစားများများ ပြုလုပ်ပေးဖို့ တိုက်တွန်းလာကြပါတယ်။ အခုလည်း ကုမ္မဏီတစ်ခုက ပြည့်စုံတဲ့ အဖြေ တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အမျိုးသမီးသီးသန့် ဘောလုံးကို ထုတ်လုပ်ခဲ့တာပါ။

"Ladyball" လို့ အမည်ပြောင်ပေးထားတဲ့ အမျိုးသမီးသီးသန့်ဘောလုံးဟာ သာမန်ဘောလုံးတစ်လုံးထက် ပိုမို ပေါ့ပါးပြီး ပန်းရောင်ဖျော့ဖျော့ အရောင်နဲ့ပဲ ရရှိနိုင်မှာပါ။ ထိုဘောလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကတော့ "အမျိုးသမီးပြိုင်ပွဲတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားပြီး အမျိုးသမီး ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်အောင် ထုတ်လုပ်ထားသလို အမျိုးသမီးတို့ရဲ့  အရည်အချင်းနဲ့လည်း အလွယ်တကူ ဆော့ကစားနိုင်မှာပါ။ အမျိုးသမီးတစ်ယောက်ရဲ့ စတိုင်လ် အတွက်လည်း ဖက်ရှင်ကြနေစေမှာပါ" လို့ရေးသားထားပါတယ်။

ဒီ အမျိုးသမီးသီးသန့်ဘောလုံးကိုတော့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ က ဘောလုံးသမားဟောင်း Ger Brennan က ဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး ဒီဘောလုံးဟာ အမျိုးသမီးတွေ အလွယ်တကူ ဆော့ကစားနိုင်အောင်ထုတ်လုပ်ထားတာကြောင့် အမျိုးသမီးတွေရဲ့  အားကစားပြိုင်ပွဲတွေပါဝင်လာဖို့ ကြောက်ရွံ့ နေမှု ကို အထောက်အကူဖြစ်စေနိုင်တယ်လို့ Brennan က ဆိုပါတယ်။

ဒီဘောလုံးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း များစွာထွက်ပေါ်ခဲ့ပါတယ်။ တစ်ချို့ ကတော့ ဘောလုံးကို ပန်းရောင်နဲ့ ထုတ်လုပ်တဲ့အတွက် အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံတာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပြီး တစ်ချို့ ကတော့ Twitter မှာတင်ထားတဲ့ ထိုဘောလုံးရဲ့  ကြော်ငြာ ကြောင့် ဝေဖန်ခဲ့ကြပါတယ်။ Twitter မှာတင်ထားတဲ့ ဘောလုံးကြော်ငြာမှာတော့ ပန်းရောင် တီရှပ်တွေဝတ်ဆင်ထားပြီး ဘောင်းဘီတိုဝတ် ၊ ဒေါက်ဖိနပ်စီးထားတဲ့ အမျိုးသမီး ၂ ဦးဟာ ထို အမျိုးသမီး သီးသန့်ဘောလုံးကို ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment