Powered by Blogger.

လိင်တူဆက်ဆံသူ(Gay) တစ်ယောက်ကို ISIS အဖွဲ့က တိုက်ပေါ်က ပစ်ချပြီး ကွပ်မျက်




အစ္စလာမ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ ISIS ရဲ့  ကွပ်မျက်သူတွေဟာ အမျိုးသား တစ်ယောက်ကို မျက်နှာစည်းထားပြီး တိုက်အမြင့်ပေါ်ကနေ ပစ်ချတဲ့ ဓါတ်ပုံတွေကို ဖော်ပြလာခဲ့ပါတယ်။ ပစ်ချရတဲ့အကြောင်းအရင်းကတော့ အဲဒီ အမျိုးသားဟာ လိင်တူဆက်ဆံသူ(Gay) တစ်ယောက်ဖြစ်နေလို့ပါတဲ့။

ထိုအမျိုးသားဟာ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီးတဲ့နောက်မှာ သူ့ကို ISIS က Shariah ဥပဒေ နဲ့ ငြိစွန်းနေတယ်လို့ အခိုင်အမာ ဆိုကာ သေဒဏ်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်ပုံတွေကတော့ အီရတ်နိုင်ငံ ၊ al-Furat ပြည်နယ်အတွင်း ရိုက်ကူးထားတာဖြစ်ပြီး ထို လိင်တူဆက်ဆံသူအမျိုးသားကို မျက်နှာဖုံးစွပ်ထားတဲ့ လူအများက ၀ိုင်းဝန်း သယ်ဆောင်လာပြီး တိုက်ခေါင်မိုးပေါ်ကနေ ပစ်ချခဲ့တာပဲဖြစ်ပါတယ်။

တိုက်အောက်မှာလည်း အမျိုးသား များစွာက ထို ကွပ်မျက်မှုကို စောင့်ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ထို အမျိုးသားဟာ တိုက်ခေါင်မိုးပေါ်က ပစ်ချခံလိုက်ရပြီး တိုက်အောက် ကားလမ်းပေါ်က ကွန်ကရစ် ပလက်ဖောင်းပေါ်ကို ပြုတ်ကျကာ ကြမ်းပြင်မှာလည်း သွေးတွေ ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။

ISIS အဖွဲ့ဟာ အရင်တုန်းကလည်း လိင်တူဆက်ဆံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားတွေကို အကြမ်းဖက် ကွပ်မျက်တဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံတွေများစွာ ကို ထုတ်ပြန် ပြသခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment