Powered by Blogger.

ဒေါ်လာ ၁၅၀၀ တန်ဖိုးရှိ ပီကေတွေကို ခိုးယူနေတဲ့ လူကို စတိုးဆိုင်ဗီဒီယိုမှ တစ်ဆင့်တွေ့ရှိခဲ့



ကနေဒါက ရဲတွေဟာ မြို့တွင်းဆိုင်တစ်ဆိုင်မှာ ဒေါ်လာ ၁၅၀၀ တန်ဖိုးရှိ ပီကေတွေကို ခိုးယူခဲ့တဲ့ လူတစ်ယောက်ကို ဖမ်းဆီးဖို့ ရှာဖွေနေကြရပါသတဲ့။

YouTube မှာ York ဒေသခံရဲက တက်ဆီပေါ်က ဆင်းလာတဲ့ လူတစ်ယောက်ဟာ ဆိုင်အတွင်းကိုဝင်လာပြီး ဈေးဝယ်အိတ်ကို ကိုင်ထားတဲ့ ဗီဒီယိုကို ပြသထားပါတယ်။

 “ ခဏကြာတော့ အဲဒီလူက ဆိုင်ထဲကို ထပ်ဝင်လာတယ် ပြီးတော့ အိတ်ထဲကို ပီကေတွေထည့်ပြီး ပြန်ထွက်သွားပြန်ရော။ တက်ဆီကားကလည်း အဲဒီလို ပြန်ထွက်လာတာကို စောင့်ပြီးမှ ကားပေါ်တင်ပြီး ပြန်မောင်းထွက်သွားတယ် ” လို့ York ဒေသခံရဲက ရေးသားထားတယ်လို့ Facebook မှာ တင်ထားတာကို တွေ့ရပါတယ်။

ရဲဌာနရဲ့ ဖော်ပြချက်အရ တန်ဖိုးအရ ဒေါ်လာ ၁၅၂၈ ဒေါ်လာခန့်ရှိတဲ့ ပီကေတွေကို ခိုးယူသွားတာဖြစ်ပြီး သံသယရှိသူကို ဖော်ထုတ်စစ်ဆေးဖို့ ပြည်သူလူထုရဲ့အကူအညီ လိုအပ်တယ်လို့လည်း ဆိုပါတယ်။


( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment