Powered by Blogger.

စပိန်နိုင်ငံက ထူးခြားတဲ့ " မြင်းမီးခုန် " ဘာသာရေးပွဲတော်




စပိန်နိုင်ငံမှာတော့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဘာသာရေးပွဲတော်ကို အခုလို နှစ်ဦးပိုင်းကာလတွေမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီဖြစ်ပြီး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ထူးခြားတဲ့ဘာသာရေးပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ ထူးခြားချက်ကတော့ အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့ မီးပုံကြီးကို မြင်းတွေစီးပြီး ခုန်ပျံကျော်လွှားရတာပါ။

ဒီပွဲကို မက်ဒရစ်မြို့နဲ့ မိုင်ခြောက်ဆယ်အကွာ San Bartolome de Pinares ဆိုတဲ့ ရွာလေးမှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒေသခံတွေ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒေသခံလူမျိုးတွေဟာ သူတို့ရဲ့မြင်းတွေနဲ့အတူ လောင်ကျွမ်းနေတဲ့ မီးပုံထဲကနေ ဖြတ်ပြီး မောင်းထွက်လာကြတဲ့ ရိုးရာပွဲဖြစ်ပါတယ်။



သူတို့ရဲ့ အယူအဆအရတော့ မီးပုံကထွက်လာတဲ့ မီးခိုးမီးတောက်တွေဟာ တိရစ္ဆာန်တွေကို သန့်စင်မှုတွေပေးစွမ်းနိုင်ပြီး ကျရောက်လာမယ့် ရောဂါအန္တရာယ်တွေကနေလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီပွဲနဲ့ ဆင်ဆင်တူ St Anthony ပွဲတော်ဆိုတာကလည်း ကျောက်ခင်းထားတဲ့လမ်းပေါ်မှာ မြင်းကောင်ရေ ၅၀၀ နဲ့ စီးနင်းရတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲကို ကျင်းပခြင်းအားဖြင့်လည်း တိရစ္ဆာန်တွေ ကပ်ရောဂါတွေ မကျရောက်နိုင်ဘူးလို့ ယုံကြည်ကြပါတယ်။







မြင်းစီးပွဲကိုတော့ ညသန်းခေါင်အထိ ကျင်းပကြပြီး ပျော်စရာကောင်းတဲ့ ပါတီပွဲကိုတော့ နေထွက်ချိန်မိုးသောက်အထိကျင်းပကြပါတယ်။ တိရစ္ဆာန်ချစ်သူတွေကတော့ ဒီလိုပွဲကို ကျင်းပဖို့တောင် မသင့်တော်ဘူးလို့ ပြောနေကြပြီး မြင်းတွေမီးလောင်ဒဏ်ကို ခံရနိုင်တယ်လို့ ဆိုကြပါတယ်။
ဒေသခံတွေကတော့ ဒီပွဲတော်ဟာ သူတို့ရဲ့ ကျွမ်းကျင်မှုကြောင့် တိရစ္ဆာန်တွေ ဘာမှမဖြစ်နိုင်တဲ့အပြင် တစ်စုံတစ်ရာ နာကျင်မှုလည်း မရှိပါဘူးလို့ ပြောကြပါတယ်။

ဒီပွဲတော်ဟာ စပိန်နိုင်ငံရဲ့ ရှားပါးလှတဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားမှုရှိလာအောင် သတင်းဌာနတွေက ဖော်ထုတ်နေကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment