Powered by Blogger.

လူကြီးတွေသဘောမတူရင်လည်း ခိုးပြေးကြစို့လို့ ရည်းစားစာပေးတဲ့ ၂တန်းကလေး



ဒါကတော့ ကောင်မလေးတွေအနေနဲ့ ရူးသွပ်ခါသွားစေမယ့် မူလတန်းကလေးတစ်ယောက်ရဲ့ ရည်းစားစာ အရေးအသား တစ်ရပ်ပါ။

မူလတန်းကလေးတစ်ယောက်ရဲ့ ရည်းစားစာ အရေးအသားတွေဟာ ဒီလောက် ပြောင်မြောက်လိမ့်မယ်လို့ တရုတ်နိုင်ငံ လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတွေ ထင်မထားခဲ့ကြပါဘူး။ ၂တန်းကလေးတစ်ယောက်ရဲ့ စာအရေးအသားက သူတို့ရဲ့စိတ်ကို ရူးသွပ်ခါသွားစေခဲ့တာပါ။

"ငါက စာမတော်ပေမဲ့၊ ရုပ်တော့ တော်တော်ဖြောင့်ပါတယ်။ ဒီကမ္ဘာမှာ မင်းမိဘတွေကလွဲရင် မင်းကို ဘယ်သူက အချစ်ဆုံးလဲဆိုတာ သိလား။ အဲ့ဒါ ငါပဲပေါ့။ ကောင်မလေးရယ်၊ မင်းအပြုံးတွေက အမွှေးနံ့အရက်မြှုပ်ထားတဲ့ ချောကလက်လိုပါပဲ၊ ငါ့ကို မိန်းမောစေတယ်။ ငါတို့ မိဘတွေက ငါတို့ကို သဘောမတူဘူးဆိုရင်လည်း ခိုးပြေးကြရအောင်။ ငါ့မုန့်ဖိုးတွေအားလုံး နင့်ကိုပေးပါမယ်ဟာ။" စသဖြင့် ကြွေလောက်အောင် ရေးထားတာပါ။

စာရဲ့ အဆုံးမှာ အသည်းပုံလေးနှစ်ခုကိုတွဲထားပြီး သူတို့နှစ်ယောက်ရဲ့ နာမည်တွေကို လက်မှတ်ထိုးထားပါတယ်။ 'ထာဝရ' လို့အဓိပ္ပါယ်ရ 'Yi Sheng Yi Shi' ဆိုတဲ့ စကားစု ရှည်ရှည်ကိုလည်း သုံးထားပါတယ်။

ဒီရည်းစားစာဟာ တရုတ်လူမှုကွန်ရက်တွေမှာ ပျံ့နှံကျော်ကြားလျှက်ရှိပါတယ်။ ၂တန်းကောင်လေးရဲ့ ခဲတံထည့်အိတ်ထဲကနေ အစ်မဖြစ်သူက ရှာတွေ့ခဲ့ရတဲ့စာလို့ သိရပါတယ်။



( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:CCTVNews

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment