Powered by Blogger.

အစားအစာပို့ဆောင်တဲ့ ကုန်တင်ကားနောက်ကနေ တောက်လျှောက်လိုက်တာတဲ့ အိန္ဒိယက ၀က်ဝံများ



အိန္ဒိယမှာရှိတဲ့ တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတစ်ဦးကတော့ အစားအသောက်ပို့ဆောင်တဲ့ ကုန်တင်ကားနောက်ကနေ တောက်လျှောက်လာတဲ့ ၀က်ဝံတွေကို ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိ Dr. Arun A. Sha က ကုန်တင်ကားနောက်က ပြေးလိုက်လာတဲ့ ၀က်ဝံ ၉ ကောင်ရဲ့ ဗီဒီယိုကို ရိုက်ကူးထားတာဖြစ်ပါတယ်။

 “ ဒီဝက်ဝံတွေဟာ အရသာရှိတဲ့ အစားအစာတွေအတွက် နောက်ကနေ စိတ်အားထက်သန်စွာနဲ့ ပြေးလိုက်တာကို မြင်ရတာ တကယ်စိတ်လှုပ်ရှားစရာပါပဲ “ လို့ အဖွဲ့အစည်းရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းကို ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ အနှံ့မှာ စောင့်ရှောက်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။


( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment