Powered by Blogger.

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်




ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဟာ အသက် ၁၁၃ နှစ်ပြည့်ဖို့ ၂ လ အလို ၊ အသက် ၁၁၂ နှစ်အရွယ်မှာပဲ ဂျပန်နိုင်ငံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Yasutaro Koide ဆိုသူ အဖိုးအိုဟာ ၁၉၀၃ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့  အသက်ရှည်စေခဲ့တဲ့ လျှို့ ဝှက်ချက်ဟာ ဆေးလိပ်မသောက်ခြင်း ၊ အရက်မသောက်ခြင်းတို့ပဲ ဖြစ်တယ်လို့လည်း သူက ဆိုခဲ့ဖူးပါတယ်။ Nagoya မြို့ တော်မှာ ငယ်မွေးခြံပေါက် အသက်ကြီးလာသူဖြစ်တဲ့ Koide ဟာ ငယ်စဉ်တုန်းကတော့ စက်ချုပ်ဆရာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့  ကျန်းမာရေး ၊ အလုပ်သမား နဲ့ လူမှုဖူလှုံရေး ၀န်ကြီးဌာနကတော့ အင်္ဂါနေ့ကပဲ Koide သေဆုံးသွားတဲ့အကြောင်းကို တရားဝင် ထုတ်ဖော် ကြေညာခဲ့ပါတယ်။

လက်ရှိဂျပန်နိုင်ငံမှာ အသက်အကြီးဆုံး အမျိုးသားဖြစ်လာတာကတော့ ၁၉၀၄ ခုနှစ် ၊ မေလ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တိုကျိုမြို့ သား  Masamitsu Yoshida ပဲဖြစ်ပါတယ်။သူဟာလက်ရှိမှာ အသက် ၁၁၁ နှစ်ရှိနေပြီဖြစ်ပါတယ်။

သေဆုံးသွားတဲ့ Koide ဟာ ကမ္ဘာ့ အသက်အကြီးဆုံးအမျိုးသားဖြစ်ပေမယ့် ကမ္ဘာ့အသက်အကြီးဆုံး လူသားတော့မဟုတ်သေးပါဘူး။ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတာကတော့ အမေရိကန် နိုင်ငံ ၊ နယူးယော့ခ်မြို့  ၊ ဘရွတ်ကလင်းမြို့ နယ် က အသက် ၁၁၆ နှစ်အရွယ် Susannah Mushatt Jones ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment