Powered by Blogger.

ကြောင်အကောင်ရေ ၁၀၀၀ လောက်ကို စောင့်ရှောက်ထားတဲ့ အမျိုးသမီး





အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ Lynea Lattanzio လို့အမည်ရတဲ့ ရွှေရောင်နှလုံးသားပိုင်ရှင် အမျိုးသမီးကတော့ သူမရဲ့ နေအိမ်မှာ ကြောင်အကောင် ၁၀၀၀ လောက်ကို ကျွေးမွေးစောင့်ရှောက်ထားပြီး အတူတူနေထိုင်တယ်လို့လည်း သိရပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ် အိမ်ထောင်ရေးကနေ ကွာရှင်းပြီးနောက်ပိုင်း ကြောင်တွေကို စတင်စောင့်ရှောက်ခဲ့ပြီး ၁၉၉၆ ကနေစပြီး ကြောင်တွေကို နိုင်နိုင်နင်းနင်း တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့တာပါ။


သူမရဲ့ ခြောက်ဧကလောက် ကျယ်ဝန်းတဲ့ ခြံဝန်းကြီးနဲ့ အိပ်ခန်းငါးခန်းပါဝင်တဲ့ သူမရဲ့ အိမ်တွေမှာပါ ကြောင်တွေ ပြေးလွှားဆော့ကစားဖို့ နေရာပေးထားခဲ့တာကြောင့် သူမဟာ လှည်းလေးတစ်ခုပေါ်မှာ လောလောဆယ်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။သူမဟာ တိရစ္ဆာန်ကိုဆရာဝန်တစ်ယောက်ဖြစ်တာနဲ့အညီ ကြောင်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားနိုင်တာကြောင့်  ဒီနေ့မှာတော့ သူမရဲ့ အိမ်ကြီးဟာ ကြောင်တွေအတွက် ချုပ်နှောင်မှုမရှိ ၊ သတ်ဖြတ်မှုမရှိတဲ့ အကောင်းဆုံး ကြောင်စောင့်ရှောက်ရေးဂေဟာတစ်ခုဖြစ်လာခဲ့ပါပြီ။




ကလေးဘဝက အမေ့ရဲ့ ကြောင်မွေးတာကို တားမြစ်ခံခဲ့ရတဲ့ Lynea ကတော့ " ကျွန်မက ကြောင်ချစ်တတ်တာ သူများနဲ့မတူဘူးလို့ ထင်ပါတယ်။၂၄ နှစ်လောက်အတွင်းမှာ ကြောင်အကောင်ရေ 28000 ကျော်နဲ့နေခဲ့တဲ့သူဆိုလို့ တစ်ယောက်မှ ရှိလိမ့်မယ်လို့ မထင်မိပါဘူး။ ကျွန်မ လူလွတ်ပြန်ဖြစ်သွားတော့ ကလေးလည်း မရှိသေးတော့  ဒီရဲ့ပေ 4200 လောက်ကျယ်တဲ့ အိမ်ကိုဝယ်လိုက်တယ်။ပြီးတော့ ကျွန်မ ရည်ရွယ်ထားတဲ့အတိုင်း ကြောင်တွေကိုစပြီး စောင့်ရှောက်ခဲ့တယ်။ "



" ဒါပေမယ့် အကောင်ရေတစ်ထောင်ကျော်လောက်ထိတော့ ရည်ရွယ်မထားခဲ့ပါဘူး။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဖြစ်လာပြီ။ ကျွန်မ သူတို့အတွက် အိပ်ခန်း ငါးခန်း ပေးထားတယ်။ အိမ်မှာပါတဲ့ဟာ အကုန်လုံးသူတို့ကို ပေးထားခဲ့တာ။ကျွန်မ အခုလောလောဆယ်နေတဲ့  လှည်းလေးကိုလည်း ကြောင်တစ်ကောင်မှမရှိရဘူးလို့ ကျိန်ဆိုခဲ့ပေမယ့်လည်း  ကြောင်အကောင်(20)နဲ့ ခွေးလေးကောင် ရှိနေပြန်ပါပြီ။ ရှင်ဟာ မိန်းကလေးတစ်ယောက်ကို အရိပ်အာဝါသအောက်ကနေ ဆွဲထုတ်လို့ရရင်ရမယ် ဒါပေမယ့်အဲ့ဒီ မိန်းကလေးရင်ထဲက အရိပ်အာဝါသပေးချင်တဲ့စိတ်ကိုတော့ ဘယ်တော့မှ ထုတ်ပယ်လို့မရဘူး ”လို့ပြောခဲ့ပါတယ်။"



သူမဟာ ဒီကြောင်တွေကို ပြင်ပဘာအကူအညီမှမယူဘဲနဲ့ စောင့်ရှောက်ခဲ့တာပါ။ အခုအချိန်မှာတော့ သူမအိမ်မှာ လုပ်အားပေးသူတွေနဲ့အတူ အရွယ်ရောက်ပြီး ကြောင် ၈၀၀ လောက်နဲ့ ပူစီလေး ၃၀၀ လောက်ကို စောင့်ရှောက်လျက်ရှိနေပါတယ်။



( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment