Powered by Blogger.

မိသားစုတစ်စုရဲ့ ကြွက်ထောင်ချောက်မှာ မိနေတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်





သြစတေးလျအနောက်ပိုင်းမှာ နေထိုင်တဲ့ လူတစ်ယောက်က သူ့အိမ်မှာထောင်ထားတဲ့ ကြွက်ထောင်ချောက်မှာ အသံတစ်သံကြားလိုက် ရပါသတဲ့။
အဲဒီနောက်မှာတော့ သူဟာ မျှော်လင့်မထားတဲ့ ကျူးကျော်သူ ( Tiger Snake ) ရဲ့ရန်က ကင်းလွတ်သွားတာကို သိရှိလိုက်ရပါတယ်။

Anthony Parker က အဆိပ်ပြင်းလှတဲ့ မြွေတစ်ကောင် ထောင်ချောက်တွင်မိနေပြီး သူဘာသာသူ လွတ်မြှောက်ရန်ကြိုးစားနေပုံကို ဗီဒီယိုရိုက်ကာ တနင်္လာနေ့က Facebook တွင် တင်ထားခဲ့ပါတယ်။

 “ ကျွန်တော် ကြွက်ထောင်ချောက်တွေကို သဘောကျတယ်ဗျ “ လို့ လည်းရေးသားထား ခဲ့ပါတယ်။
 “ မြွေက ထောင်ချောက်ကိုကိုက်ပြီး လွတ်မြောက်ဖို့ကြိုးစားနေတယ် ထင်တာပဲ။ မြွေက ထောင်ချောက်ကို သက်ရှိရန်သူ တစ်ယောက်လို ထင်ပြီး ပြန်လည်ခုခံသတ်ြဖတ်ဖို့ကြိုးစားနေတာလေ “ လို့ Parker ကပြောပါတယ်။

တကယ်တော့ သူတို့မိသားစု အပန်းဖြေခရီးထွက်ပြီးပြန်လာတော့ သူ့မိန်းမက ကြွက်တွေရှိနေတယ်လို့ထင်လို့ သူက ကြွက်ထောင်ချောက်တွေထားခဲ့တာပါတဲ့။ မြွေကိုတော့ သူ့သားငယ်လေး အန္တရာယ်ကင်းဖို့အတွက်သတ်ခဲ့တယ်လို့ ပြောပါတယ်။
 “ ကျွန်တော် မြွေကိုသတ်လိုက်ရလို့တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဒီအတိုင်းလွတ်လိုက်မယ်ဆိုရင် အန္တရာယ်များလှပါတယ် ” လို့ပြောပါတယ်။




( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment