Powered by Blogger.

အရပ်ရှည်တဲ့ယောက်ျားလေးရည်းစားရှိခြင်းအကျိုးများ


သင့်မှာ အရပ်ခြောက်ပေနီးပါးရှိတဲ့ ရည်းစားကိုထားမိမယ်ဆိုရင် သင့်အနေနဲ့ ခဏခဏကြားရမှာက 'အိုး နင့်ကောင်လေးကအရပ်အရှည်ကြီးပဲ' ဆိုတဲ့စကားပါ။ ဒါဟာသင့်ကို သိပ်ပုတာပဲလို့မဆိုလိုပေမယ့် သင့်အနေနဲ့ ထင်မြင်သွားနိုင်တဲ့ ဆိုကျိုးတစ်ခုပေါ့။ ဒါပေမယ့် ဒီလိုသေးသေးမွှားမွှားအချက်လေးတွေကလွဲရင် သင့်အနေနဲ့ အရပ်ရှည်တဲ့ ကောင်လေးရထားတာ ကံကောင်းပါတယ်။ အခုတော့ အဲ့ဒီလိုမျိုး အရပ်ရှည်ရှည်နဲ့ ကောင်လေးရထားရင် ဖြစ်နိုင်တဲ့ အကျိုးကျေးဇူး ၈ ချက်ကိုတင်ပေးလိုက်ပါတယ်။

၁) သူဟာ လူသားဆန်တဲ့ Selfie Stick တစ်ခု

သူ့ဆီမှာ လက်တံရှည်ရှည်ကြီးတွေရှိနေလို့ သင့်အနေနဲ့ ဘယ်သွားသွား Selfie Stick ကိုနေရာတကာ သယ်သွားစရာမလိုတော့ပါဘူး။ ပြီးတော့ ဓာတ်ပုံတွေကို အပေါ်စီးကနေရိုက်ရတာဟာ တကယ့်ကို အရသာတစ်မျိုးပါပဲ။

၂) ဒေါက်ဖိနပ်တွေကောင်းကောင်းစီးလို့ရမယ်

ဘာလို့လဲဆိုတော့ သင့်အနေနဲ့ တခြားခပ်ပုပုကောင်လေးတွေနဲ့ဆို ဒေါက်ဖိနပ်စီရတာအဆင်မပြေလို့ပါပဲ၊ ကောင်လေးကအရပ်ရှည်တော့ သင့်အနေနဲ့ ခြောက်လက်မဒေါက်ပဲစီးထားထား ကိစ္စမရှိတော့ဘူးလေ။

၃) သင့်ထက်ပိုစားလိမ့်မယ်

သင်က အစားကြီးတဲ့လူတစ်ယောက်လား၊ ကိစ္စမရှိပါဘူး၊ သင့်ကောင်လေးက လူကောင်ထွားသလောက်အစားကိုလည်းသင့်ထက်ပိုစားပါလိမ့်မယ်။ သင်အစားတွေအများကြီးမစားနိုင်ဖို့မပူရတော့ဘူးပေါ့။

၎) ဆံပင်ပုံစံမလှမှာမပူရတော့ဘူး

သူ့အနေနဲ့ သင့်ကိုအမြဲအပေါ်စီးကနေကြည့်နေနိုင်မှာဖြစ်တဲ့အတွက်၊ သင်ဆံပင်ဖရိုဖရဲ ဖြစ်လာတဲ့နေ့တွေဆိုရင်သင့်ကို အမြဲသတိပေးနိုင်တာပေါ့။

၅) ရင်ခုန်စရာအနမ်းလေးတွေ


သင့်ရဲ့နဖူးလေးတွေကိုအမြဲနမ်းပေးနေနိုင်တာ ဒီလိုယောက်ျားလေးမျိုးတွေပါပဲ။ သင့်ကိုထွေးဖက်ထားရင်လဲ သင့်ရဲ့စိတ်ထဲမှာ နှစ်ဆလောက်လုံခြုံသွားသလိုခံစားရစေမှာပါ။

၆) အဝတ်တွေအတွက်မပူရတော့ဘူး


သူ့ရဲ့အဝတ်အစားတွေ၊ ရှပ်အင်္ကျီတွေ၊ T-Shirt တွေအားလုံးဝတ်လို့ရလို့ အဝတ်ဗီရိုကြီးတစ်ခုရှိနေသလိုပါပဲ။

၇) သင်မမှီတဲ့ပစ္စည်းတွေ

သင့်လက်နဲ့မမှီနိုင်တဲ့ ပစ္စည်းတွေ အပေါ်တက်တာတွေ အားလုံးသူလုပ်ပေးပါလိမ့်မယ်။

၈) ရှိုးပွဲသွားတဲ့အခါ


ရှိုးပွဲတွေ ရှိတဲ့အခါ သင်သူ့ရဲ့ပခုံးပေါ်မှာထိုင်ပြီး သူများတွေရဲ့အပေါ်စီးကနေတောင်ကြည့်လို့ရပါသေးတယ်။ သင်အားပါးတရ အားပေးလို့ရပြီပေါ့။

(Blue Lion)

#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. But... the guy is expected to have potiential backpain..since he has got to bend his hip all the time whenever he kissess his lover :P

    ReplyDelete