Powered by Blogger.

အရက်နာကျခြင်းကင်းမဲ့တဲ့ ယမကာ တစ်မျိုးကို တီထွင်လိုက်ပြန်တဲ့ မြောက်ကိုရီးယား



မြောက်ကိုရီးယား နိုင်ငံက ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ် တယ်ဆိုတဲ့ သတင်းကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့  တီထွင်မှုကို တစ်ကမ္ဘာလုံးက လက်ကမ်းကြိုဆိုမိနေမှာပါ။ ကင်ဆာရောဂါ အမျိုးမျိုးကို ပျောက်ကင်းဆေးတဲ့ ဆေးဝါးကို တွေ့ရှိထားတယ်လို့ ဆိုခဲ့ဖူးတဲ့ မြောက်ကိုရီးယား နိုင်ငံဟာ အခုတစ်ခေါက်တော့ အရက်နာကျမှု ဖြစ်ပေါ်ခြင်း လုံးဝ မရှိတဲ့ ယမကာ တစ်မျိုးကို တီထွင်လိုက်တာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအခြေစိုက် သတင်းစာဖြစ်တဲ့ Pyongyang Times သတင်းစာက ဖော်ပြထားတာကတော့ ထို ယမကာဟာ ဂျင်ဆင်း ဆေးမြစ်ကနေ ဖော်စပ်ထားတာဖြစ်ပြီး ယမကာထဲမှာ သကြားထည့်သွင်းရမယ့်အစား ဂလူးကို့စ်ဓါတ်ပါဝင်တဲ့ ဆန်တွေကို အသုံးပြုထားတယ်လို့ လည်း ဖော်ပြထားပြန်ပါတယ်။

သတင်းဖော်ပြချက်ရဲ့  အဆိုအရတော့ သက်တမ်းခြောက်နှစ်ခန့်ရှိတဲ့ ဂျင်ဆင်းဆေးမြစ်နဲ့ မီးလောင်ကျွမ်းထားတဲ့ ဆန်တွေကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် Taedonggang Foodstuff စက်ရုံက သုတေသီတွေ ထုတ်လုပ်ထားတဲ့ ထို ယမကာဟာ အရက်သောက်ပြီးနောက်တစ်နေ့မှာ အရက်နာကျခြင်း မဖြစ်ပေါ်စေတာပဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

"သက်တမ်း ၆ နှစ်ခန့်ရှိတဲ့ Koryo insam ဆိုတဲ့ ဂျင်ဆင်းဟာ ဆေးပညာ သက်ရောက်မှုမှာ အမြင့်ဆုံးဖြစ်ပြီး အပူပေးထားတဲ့ ဆန်ကတော့ ပြေပြစ်မှု(အ၀င်ကောင်းခြင်း) ကို ဖြစ်ပေါ်စေပြီး အရက်နာကျခြင်းကိုလည်း ကင်းမဲ့စေတာဖြစ်ပါတယ်" လို့ Pyongyang Times သတင်းစာမှာ စာရေးဆရာ Jong Hwa Sun က ရေးသားထားပါတယ်။ ထို အရက်နာကျခြင်းမရှိတဲ့ ယမကာဟာ အမျိုးသား သိပ္ပံပညာနဲ့ နည်းပညာဆိုင်ရာ အောင်မြင်မှု အဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ သတ်မှတ်ခံထားရတယ်လို့လည်း သတင်းဖော်ပြချက်မှာ ထည့်သွင်းရေးသားထားပါသေးတယ်။

မနှစ်ကတော့ မြောက်ကိုရီးယားနိုင်ငံက သိပ္ပံပညာရှင်တွေဟာ အေအိုင်ဒီအက်စ် ၊ မူးယစ်ဆေးစွဲလန်းမှု ၊ ကင်ဆာ ၊ မားစ် နဲ့ အီဘိုလာ ရောဂါတို့ကို ပျောက်ကင်းစေနိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ Kumdang-2 အမည်ရှိ ကာကွယ်ဆေးတစ်မျိုးကို တီထွင် ထုတ်လုပ်ခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : CNN

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment