Powered by Blogger.

တရုတ်နိုင်ငံမှာ ရေပန်းစားနေတဲ့ ရင်သားနဲ့ ဘောပင်ကို ညှပ်ပြပြီး မိန်းမစစ်ကြောင်းသက်သေပြတဲ့ ပြိုင်ပွဲ



တရုတ်နိုင်ငံက လူမှုမီဒီယာမှာ လက်ရှိရေပန်းစားနေတဲ့အရာကတော့ အိုက်စ်ဘတ်ကတ်(Ice Bucket) ပြိုင်ပွဲလည်းမဟုတ်သလို ကွန်ဒုံး အသုံးချမှု ပြိုင်ပွဲလည်း မဟုတ်တော့ပြန်ပါဘူး။ လက်ရှိ တရုတ်နိုင်ငံ က အမျိုးသမီးတွေကြားမှာ ရေပန်းစားနေတာကတော့ "စစ်မှန်တဲ့ မိန်းမ" ဖြစ်ကြောင်း သက်သေပြဖို့အတွက် ဘောပင် ၊ မျက်ခုံးမွှေးဆွဲတံ စတာတွေကို ရင်သားနဲ့ ညှပ်ထားပြတဲ့ ဓါတ်ပုံတွေ ရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။

ဒီ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့  အပေါ်အကျီင်္ကို မတင်ကာ ဘောပင်(သို့)ခဲတံ တစ်ခုခုကို ရင်သားအောက်မှာ ညှပ်ပြီးပင့်ချီပြကာ ဆယ်လ်ဖီ ဓါတ်ပုံရိုက်ပြီး လူမှုမီဒီယာပေါ်မှာ မိန်းမစစ်မှန်ကြောင်း အပြိုင်အဆိုင်ကြွားကြတာပါပဲ။

အဲဒီ ဓါတ်ပုံတွေဟာလည်း တရုတ်နိုင်ငံ က လူမှုမီဒီယာ အသုံးပြုသူများအကြား ဝေမျှမှု အကြိမ်ရေ သန်းနဲ့ချီရှိခဲ့ပြီး တစ်ချို့  ဝေမျှမှုတွေမှာတော့ "သင်လည်း မိန်းမစစ်မှန်သူတစ်ယောက်ဖြစကြောင်း သက်သေပြဖို့ ပြိုင်ပွဲဝင်လိုက်ပါ" ဆိုတဲ့ စာသားတွေလည်း တွဲဖက်ပါဝင်ခဲ့ပါတယ်။ ထိုရေပန်းစားမှုဟာ တရုတ်နိုင်ငံက လူမှုမီဒီယာ Sina Weibo သုံးစွဲသူတွေအကြားမှာ အငြင်းအခုံဖြစ်နေပြီး တစ်ချို့  သုံးစွဲသူတွေကတော့ မျိုးရိုးဗီဇ ကြောင့် ရင်သားကြီးမားနေသူတွေ အမြတ်ထုတ်နေတဲ့ ပြိုင်ပွဲလို့ ဝေဖန်နေကြပါတယ်။

ဒီရေပန်းစားမှုနဲ့ ပတ်သက်ပြီး ရင်သားကင်ဆာရောဂါကြောင့် ရင်သားတွေ ဖြတ်ထုတ်ထားရတဲ့ Aimee Fletcher ဆိုတဲ့ မိန်းကလေး တစ်ဦးက Twitter မှာ ရင်သားမရှိတဲ့ သူမရဲ့  ရင်ဘတ် ဓါတ်ပုံကို တင်ခဲ့ပြီး လှောင်ပြောင်ဝေဖန်ခဲ့ပါတယ်။

"လူတစ်ချို့ ဟာ သူတို့ ခန္ဓာကိုယ် ကို အင်တာနက်မှာဖော်ပြချင်တာနဲ့ပဲ ဘာမဆိုလုပ်ဖို့မျှော်လင့်ထားပြီး ဥာဏ်နည်းနေကြပါတယ်။ ကျွန်မထင်တာကတော့ စစ်မှန်တဲ့ မိန်းမပီသမှုဟာ အ၀တ်အစားတွေအောက်မှာ မဟုတ်ပါဘူ။ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်ရုံနဲ့ ဘယ်လောက် မိန်းမဆန်သလဲ မဆုံးဖြတ်နိုင်ပါဘူး" လို့ Aimee Fletcher က Mirror သတင်းဌာနကို ပြောပြခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment