Powered by Blogger.

Minnesotaမှ အဖွဲ့က လစဉ်လတိုင်း အချင်းချင်း ပွေ့ဖက်တဲ့ပါတီပွဲတွေ ကျင်းပ



Minnesotaမှ အဖွဲ့တစ်ဖွဲ့ဟာ အချင်းချင်း ပွေ့ဖက်တွေ့ထိကာ     ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများရရှိနိုင်ရန်  ပွေ့ဖက်တဲ့ပါတီပွဲတွေကို လစဉ်စတင်ကျင်းပတော့မှာပါတဲ့။

မိမိဘာသာစောင့်ရှောက်ပါ ဆိုတဲ့ ဆောင်ပုဒ်ကို ကြော်ငြာထားကာ Minnesota တွင် အခြေစိုက်တဲ့အဖွဲက အချင်းချင်းပွေ့ဖက်တဲ့ပါတီတွေကို ကျင်းပတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသောလူများကိုတွေ့ဆုံခြင်း၊ မိမိကိုယ်ကိုယ်စောင့်ရှောက်မှုတွေကို  ဝေမျှပေးနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် လိင်ပိုင်းဆိုင်ရာထိတွေ့မှုတွေတော့ ပါဝင်ရမှာ မဟုတ်ပါဘူး။

ထိတွေ့ခြင်းနှင့် ပွေ့ဖက်ခံရခြင်းတို့က လူတိုင်းရဲ့ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ ကျွန်တော်တို့အတွက် အခြားရည်ရွယ်ချက်တွေမပါပဲ ပွေ့ဖက်ခြင်းက အကျိုးကျေးဇူးတွေရနိုင်ပါတယ် လို့ အဖွဲ့ရဲ့ ၀က်ဆိုက်ဒ်ပေါ်တွင် ရေးသားထားပါတယ်။
ဒါက ဖူးစာဖက်ရှာဖွေပေးတဲ့လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ ကိုယ်ရဲ့ဘ၀လက်တွဲဖော်ကိုရှာဖို့လာရမယ့်နေရာလည်းမဟုတ်ပါဘူးလို့ ပြောပါတယ်။


ပွေ့ဖက်သောပါတီတွေအတွက် စည်းကမ်းချက်တွေကို cuddleparty.comမှာ ဖော်ပြထားပြီး ၀တ်ဆင်ရမည့် အ၀တ်အစားပုံစံတွေပါဝင်ပါတယ်။
ကိုယ် မင်းကို ဒီညအတွက်သိချင်တယ်လို့ ပြောလာရင် မရဘူး က ပြည့်စုံသောဝါကျဖြစ်ရမယ် လို့ Hadsall က သူ့ အတန်းကိုပြောပါတယ်။ အခြားလည်ပတ်သူတွေကို လေးစားဖို့က အရေးကြီးဆုံးစည်းကမ်းဖြစ်တယ် လို့လည်းပြောပါတယ်။



( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment