Powered by Blogger.

Columbus တိရစ္ဆာန်ရုံက ပိုလာဝက်ဝံပေါက်စလေးအတွက် နာမည်ပေးဖို့ လူထုကို အကူအညီတောင်း



Ohioရှိ  Columbus တိရစ္ဆာန်ရုံနှင်ရေသတ္တ၀ါပြတိုက်က ပိုလာဝက်ဝံပေါက်စလေးအတွက် နာမည်ကူရွေးပေးဖို့ လူထုကို အကူအညီတောင်းခံထားပါတယ်။

ပိုလာဝက်ဝံပေါက်စလေးဟာ နိုဝင်ဘာလ ၆ရက်နေ့တွင် ပိုလာဝက်ဝံမကြီး Auroraက  မွေးဖွားခဲ့တဲ့ နှစ်ကောင်ထဲက တစ်ကောင်ဖြစ်ပြီး တစ်ကောင်ကတော့သေဆုံးသွားခဲ့ပါပြီ။  အမေပိုလာဝက်ဝံမကြီးကလည်းသူရဲ့အသက်ရှင်ကျန်ရစ်တဲ့ဝက်ဝံပေါက်စလေးကို
ကောင်းကောင်းစောင့်ရှောက်မယ့်ပုံ မပေါ်လို့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက စောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်ရုံက ပရိသတ်တွေကို ပိုလာဝက်ဝံပေါက်စလေးအတွက် နာမည်ရွေးပေးရာမှာ အကူအညီတောင်းခံထားပြီး ၀က်ဆိုက်ဒ်ပေါ်မှာရှိတဲ့ နောက်ဆုံးနာမည်လေးခုအတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ မတိုင်ခင် တစ်နေ့ကိုတစ်ခါ မဲပေးခွင့်ရကြမှာပါ။

မဲပေးရွေးချယ်ပေးရမယ့် နာမည်တွေကတော့ သူဌေးလို့ အဓိပ္ပါယ်ရတဲ့ Desna ၊ အဖေနာမည် Nanuq နှင့်အမေနာမည် Aurora  တို့ကိုပေါင်းထားတဲ့ Nora ၊  သေးသေးလေးဒါပေမယ့်ပညာရှိ လို့ အဓိပ္ပါယ်ရတဲ့ Kaya နဲ့ ချိုတယ် လို့ အဓိပ္ပါယ်ရတဲ့ Sakari တို့ပဲဖြစ်ပါတယ်။


( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref  : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment