Powered by Blogger.

ညစ်ညမ်းဗီဒီယိုကြည့်နေရင်း ကားမောင်းခဲ့တဲ့အမျိုးသား ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံး



သင့်အနေနဲ့ ကားမောင်းနေမယ်ဆိုရင်တော့ အနီးနားပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး မောင်းနှင်နေရတာကြောင့် ကားထဲမှာ သီချင်းနားထောင်တာလောက်ကိုပဲ ပြုလုပ်နေမိမှာပါ။ ကားပေါ်မှာဆိုတာကတော့ တစ်ခုခုအမှားပြုလုပ်မိတာနဲ့ သေစေနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ ဖုန်းတောင်မပြောသင့်တဲ့ ကားမောင်းတဲ့အချိန်မှာ လူကို မွှန်စေတဲ့ ညစ်ညမ်းဗီဒီယိုကို ကြည့်ရှုပြီး ကားမောင်းရင်တော့ ပိုဆိုးသွားပါပြီ။

ဒီလူဟာဆိုရင်တော့ မီချီဂန်ဒေသက အဝေးပြေးလမ်းမကြီးပေါ်မှာတစ်ယောက်တည်းမောင်းနှင်လာပြီး ယာဉ်မတော်တဆမှုဖြစ်ခဲ့ချိန်မှာတော့ ကားပေါ်မှာ ညစ်ညမ်းဗီဒီယိုတွေကြည့်နေခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ တွေ့ခဲရပါတယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသားဟာဆိုရင်တော့ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အချိန်မှာ ဘောင်းဘီကို ဝတ်မထားခဲ့ဘဲနဲ့ သူ့ရဲ့ထိုင်ခုံခါးပတ်ကိုလည်း ဖြုတ်ထားခဲ့ပါတယ်။

မီချီဂန်က ရဲအရာရှိတစ်ဦးဖြစ်တဲ့ Mike Shaw ကတော့ သူ့ရဲ့ ရဲသက်တမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ဖြစ်ရပ်ကို ပထမဆုံးတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ " ကျွန်တော်တွေ့ဖူးတဲ့ ယာဉ်မတော်တဆမှုတွေမှာတော့ ကားပေါ်မှာ မိတ်ကပ်ပြင်နေတာ ၊ စာအုပ်ဖတ်ရင်းကားမောင်းနေတာနဲ့ တခြားနည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို အာရုံစိုက်နေလို့ အဲ့လို့အကြောင်းတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့အပြင် အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်ခဲ့ကြတာဗျ။ အခုသေဆုံးသူကတော့ ကားပေါ်မှာ တဏှာစိတ်နဲ့ ညစ်ညမ်းဗီဒီယိုကိုကြည့်ရင်း ကားမောင်းခဲ့လို့ပါ။ ကျွန်တော့် ရဲလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာတော့ မမြင်ဖူးပါဘူး " လို့ ပြောပြခဲ့ပါတယ်။

ကားဟာ အဝေးပြေးလမ်းလယ်က ကျွန်းတုံးကို  အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူကတော့ ခါးပတ်ကိုဖြုတ်ထားခဲ့တာက သူ့ကို ကံဆိုးစေခဲ့ပြီး သေပွဲဝင်ခဲ့ရတာပါ။


( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment