Powered by Blogger.

လေယာဉ်ကမှန်တွေကိုဘာလို့အဝိုင်းတွေတပ်တာလဲ


တစ်ခါတစ်လေ ကိုယ်စီးနေတဲ့လေယာဉ်တွေမှာ တပ်ထားတဲ့ လေကာမှန်တွေဟာ ဘာဖြစ်လို့ လေးထောင့်တွေမတပ်ပဲ အဝိုင်းတွေ တပ်ထားတာပါလိမ့်လို့ တွေးမိဖူးပါသလား။ လွန်ခဲ့တဲ့နှစ်တွေတုန်းကက အာကာသနဲ့ လေကြောင်းသိပ္ပံပညာတွေအပြင် လေယာဉ်နည်းပညာနဲ့ပတ်သက်ပြီး ကျော်လွှားတိုးတက်ခဲ့တာ တွေ့ရမှာပါ။ လေယာဉ်တွေဟာ ခရီးသည်တွေပိုပြီး တင်ဆောင်လာနိုင်တယ်။ ပိုပြီးမြန်လာတယ်။ ပိုပြီးလုံခြုံတဲ့ လေယာဉ်ဒီဇိုင်းတွေကို တိုးတက်ပြောင်းလဲ လာတယ်။ ပြတင်းပေါက်တွေအပါအဝင်ပေါ့။

၁၉၅၀ ခုနှစ်တုန်းက လေယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ de Habilland Comet ရဲ့ ဒီဇိုင်းနဲ့လေယာဉ်တွေဟာ ပိုမိုကြီးမား ပိုမိုမြန်ဆန်လို့ လေယာဉ်ထုတ်လုပ်တဲ့နေရာမှာ အတော်ခေတ်စားလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့လေယာဉ်တွေမှာ တပ်ဆင်ခဲ့တဲ့ လေးထောင့်ကျကျ ပြတင်းပေါက်တွေက ၁၉၅၃ ခုနှစ်မှာ ပျက်ကျခဲ့ပြီး ၅၆ယောက်သေဆုံးစေခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့တပ်ဆင်ခဲ့တဲ့ လေးထောင့်ကျကျပြတင်းပေါက်တွေကြောင့်ပါပဲ။ လေးထောင့်ကျနေတဲ့အတွက် သူတို့ရဲ့ထောင့်ချိုးတွေဟာ အားနည်းရပ်ဝန်းတွေဖြစ်လာပါတယ်။ လေးထောင့်ချိုးဆိုတော့ အားနည်းရပ်ဝန်းလေးခုပေါ့။ အဲ့ဒီအရာတွေဟာ လေဖိအား များလာတဲ့အခါမှာ ပျက်စီးသွားပါတယ်။ လုံးဝန်းတဲ့ ပြတင်းတွေကျတော့ ထောင့်ချိုးတွေမပါဝင်လို့ လေစီးကြောင်းဖိအားကို ဖြန့်ထုတ်လိုက်တဲ့အတွက် ပျက်စီးပေါက်ကွဲနိုင်ခြေလျော့သွားပါတယ်။ ဒါကြောင့်လေယာဉ်ပြတင်းပေါက်တွေကို အဝန်းအဝိုင်းတွေအဖြစ်တွေ့ရခြင်းဖြစ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com

Ref: Independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment