Powered by Blogger.

ရုပ်ရှင်ကားတွေထဲမှာလို သေနတ်ကျည်ဆန်က ရေထဲမှာတော့ ခရီးမရောက်နိုင်


အက်ရှင်ဇာတ်ကားတွေထဲမှာတော့ ရေထဲမှာ ကူးခတ်နေတဲ့သူကို အပေါ်စီးကနေ သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်လိုက်ရင်တော့ ရေထဲမှာ သွေးတွေအိုင်ပြီး သေဆုံးသွားတဲ့ ဇာတ်ဝင်ခန်းမျိုးကို ကြည့်ဖူးကြမှာပါ။ အခုဆိုရင်တော့ အဲ့လိုဖြစ်ရပ်တွေ အပြင်မှာရော တကယ်ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်လိုက်ပါပြီ။ သိပ္ပံနည်းတွေကို လက်တွေ့စမ်းသပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ Andreas Wahl ဟာဆိုရင်တော့ ရေထဲမှာ သူ့ကိုယ်သူသေနတ်နဲ့ ပြန်ပစ်ပြခဲ့ပြီး သေနတ်ကျည်ဆန်ဟာဆိုရင် ရေထဲကို တိုးမပေါက်နိုင်တာကို သက်သေပြခဲ့ပါတယ်။

သူဟာဆိုရင်တော့ သာမန်သိပ်သည်းဆပဲရှိတဲ့ ရေကူးကန်တစ်ခုအတွင်းမှာ သေနတ်နဲ့ ၁၀ ပေအကွာလောက်ကနေပြီးတော့ ကိုယ့်ကိုကိုယ်ပြန်ပစ်ပြခဲ့ပါတယ်။ သူဟာဆိုရင်တော့ ကြိုးတစ်ချောင်းနဲ့ သေနတ်မောင်းခလုပ်ကို ထိန်းချုပ်ထားခဲ့ပြီး သာမန်ပြင်းအားရှိတဲ့ သေနတ်တစ်လက်နဲ့ ကိုယ့်ကိုကိုယ်ပစ်ပြခဲ့တာပါ။

ကျည်ဆန်ဟာ သေနတ်ပြောင်းထဲကနေ အရှိန်ပြင်းပြင်းနဲ့ ထွက်လာခဲ့ပေမယ့်လည်း ရေနဲ့အတွေ့မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကျဆင်းသွားပြီး လမ်းတစ်ဝက်မှာပဲ အရှိန်လျော့ပြီး ကြမ်းပြင်ကိုကျသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ရေမော်လီကျုတွေဟာဆိုရင် လေမော်လီကျုတွေထက် ပိုမိုကျစ်လစ်ပြီး စုစည်းမှုရှိလို့ ဖြစ်တယ်လို့ သိရပါတယ်။





 Andreas Wahl ကတော့ ရေမော်လီကျုတွေဟာဆိုရင်တော့ ရေမော်လီကျုတွေထက် အဆ ၈၀၀ လောက် ပိုသိပ်သည်းလို့ဖြစ်တယ်လို့လည်း ပြောပါတယ်။

သေနတ်ကျည်ဆန် ထွက်သွားတဲ့အချိန်မှာတော့ ကျည်ဆန်ထိပ်မှာသာ ဖိအားများသွားခဲ့ပြီး ကျည်ဆန်နောက်မှာ ဖိအားနည်းလေဟာနယ်ဖြစ်ပေါ်သွားခဲ့တာကြောင့် ပူစီဖောင်းတွေဆူတက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျည်ဆန်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာဆိုရင်တော့ လေဟာနယ်ပူစီဖောင်းတွေ ကြီးစဉ်ငယ်လိုက်ဆက်တိုက်ဖြစ်ပေါ်သွားခဲ့ပြီး နောက်ဆုံးအရှိန်သေသွားတဲ့အချိန်မှာတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ကျည်ဆန်လည်း လမ်းတစ်ဝက်မှာတင် ကြမ်းပြင်နဲ့ မိတ်ဆက်သွားတာကို တွေ့ရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment