Powered by Blogger.

ဂီတာတီးရင်း ဦးနှောက်ခွဲစိတ်မှု ခံယူခဲ့တဲ့ အမျိုးသား



တရုတ်နိုင်ငံက ဂီတသမားတစ်ယောက်ဟာဆိုရင်တော့ သူ့ရဲ့ ဦးနှောက်ကို ခွဲစိတ်မှုပြုလုပ်နေစဉ်မှာ ဂီတာတီးပြီး ခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။ “မစ္စတာလီ” လို့ အမည်ရတဲ့ ဒီအသက် ၅၇ နှစ်အရွယ်အမျိုးသားဟာဆိုရင်တော့ ဦးနှောက်နဲ့ အာရုံကြောမှာ ဆိုးရွားတဲ့ ဝေဒနာကို ခံစားနေခဲ့ရပြီးတော့ တစ်နေရာရာကို အာရုံစိုက်နေချိန်မှာ ကြွက်သားတင်းမာမှုနဲ့ နာကျင်မှုတွေကို နေရတာပါ။


သူတို့လို ဂီတသမားတွေဟာဆိုရင်အတွက်တော့ ကြီးမားတဲ့ပြဿနာဖြစ်တာကြောင့် အခုလို ခွဲစိတ်မှုကို ခံယူခဲ့တာဖြစ်ပါတယ်။ သူဟာ ဦးနှောက် ခွဲစိတ်မှုခံယူရာမှာတော့ ခွဲစိတ်ခံနေရင်းနဲ့ ဂစ်တာတစ်လုံးကို တီးခတ်နေခဲ့ပါတယ်။ သူ့ရဲ့ ဦးနှောက်မှာ လျှပ်စီးကြောင်းပြဿနာရှိနေခဲ့တာကြောင့် လျှပ်တိုင်ကို အစားထိုး ထည့်သွင်းပြီးတော့ ကူသမှုခံယူခဲ့တာပါ။





ဂီတာတီးခတ်ရတာတော့ ဦးနှောက်ရဲ့ လျှပ်စီးနဲ့ နျူထရွန်တွေရဲ့ လှုပ်ရှားမှုတွေကို ဆရာဝန်တွေအလွယ်တကူ သိရှိနိုင်ပြီး လျှပ်တိုင်ထည့်ဖို့ နေရာကို ဆရာဝန်တွေ အလွယ်တကူသိရှိစေနိုင်ဖို့အတွက် အခုလို ဦးနှောက်ကို အလုပ်ပေးပြီး ကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ ဒီလိုကူညီပေးနိုင်မှုကြောင့် ဆရာဝန်တွေဟာ လီရဲ့ ပုခုံးမှာ လျှပ်တိုင်တစ်ခုကို ထည့်သွင်းနိုင်ခဲ့ပြီးတော့ ဦးနှောက်ရဲ့ လျှပ်စီးကြောင်းနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 ဒီလိုအလားတူ ခွဲစိတ်မှုမျိုးကိုတော့ စပိန်နိုင်ငံမှာလည်းတွေ့မြင်ခဲ့ရဖူးပြီး  ဦးနှောက်အကျိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ ဆရာဝန်တွေကို အထောက်အကူပြုနိုင်အောင် ဆက်ဆိုဖုန်း(လေမှုတ်တူရိယာ)ကို မှုတ်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : mashable




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment