Powered by Blogger.

Chicago မှ အမျိုးသားတစ်ဦးဟာ သူရဲ့ဒူးခေါင်းကို သံရိုက်တဲ့သေနတ်နဲ့ မတော်တဆ ပစ်မိ



Chicago မှ အမျိုးသားတစ်ဦးဟာ သူရဲ့သံရိုက်သေနတ်နဲ့ မတော်တဆဖြစ်ပြီး နောက်တစ်ရက်မှာရိုက်တဲ့ ဓာတ်မှန်ပုံတွေက သံနှစ်ချောင်းဟာ သူရဲ့အရိုးကို မထိပဲ သီသီလေးဘယ်လိုလွဲသွားလဲ ဆိုတာကိုပြနေပါတယ်။

ချီကာကိုက Wrigely ပန်းခြံနားမှာရှိတဲ့ ကွန်ဒိုတစ်ခုမှာ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ။ ကျွန်တော်က ခေါင်မိုးကို ကာရံဖို့အတွက် အပေါ်ကိုတက်လာခဲ့ရင်း မီးကာနံရံအတွက်ထားရှိတဲ့ နေရာနှစ်ခုကြားက လွတ်နေတဲ့နေရာလေးကို ကျော်သွားလိုက်တော့ သံရိုက်သေနတ်နဲ့ဆက်ထားတဲ့ ဂတ်စ်ခေါင်းလေးကို မတော်တဆ တတ်နင်းမိလိုက်တာပါ။

သံရိုက်သေနတ်က ရှေ့ကိုဆတ်ခနဲတိုးလာပြီး ကျွန်တော့်ဒူးခေါင်းကို သံနှစ်ချောင်းရိုက်သွင်းခဲ့တာပါလို့ Jesse ကပြောခဲ့ပါတယ်။
သူက နာကျင်မှုဒဏ်မှ သက်သာစေဖို့အတွက် Adrenaline ဆေး သုံးစွဲခဲ့ကာ Cherry Picker တွေက သူကို အောက်သို့ရောက်အောင် ပို့ပေးခဲ့ကြပြီး သူရဲ့တွဲဖက်အလုပ်သမားတွေက Swedish Covenant ဆေးရုံ ကို လိုက်ပို့ပေးခဲ့ကြပါတယ်။

Jesse က ၁၁နာရီကြာခွဲစိတ်မှုခံယူပြီးနောက် သံချောင်းတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Jesse က မတော်တဆဖြစ်တဲ့နေ့က သူရဲ့ လက်သမားအလုပ်သင်အနေနဲ့ နှစ်ရက်မြောက်နေ့ဖြစ်ပြီး သူရဲ့ လက်သမားဘ၀နောက်ဆုံးနေ့ ဖြစ်သွားခဲ့ပါတယ်။




( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment