Powered by Blogger.

ကမ္ဘာ့ စံချိန်တင်နိုင်တော့မယ့် ယူကရိန်းက "အမြွှာပူး ရွာ"




ယူကရိန်းနိုင်ငံမှာရှိတဲ့ ရွာတစ်ရွာဟာ အမြွှာပူးတို့ရဲ့ ရွာလို့ အမည်တွင်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုရွာမှာ ကမ္ဘာ့ စံချိန်တင်စေမယ့် အမြွှာပူးပေါင်း ၁၂၂ ယောက် ရှိနေလို့ပါ။

Velikaya Kopanya လို့ခေါ်တဲ့ရွာကလေးဟာ ယူကရိန်းနိုင်ငံ အနောက်တောင်ပိုင်းက Zakarpattia Oblast ဒေသမှာ တည်ရှိပြီး လူဦးရေ ၄၀၀၀ ခန့်သာ နေထိုင်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုရွာငယ်လေးတစ်ရွာမှာ အမြွှာပူး အရေအတွက် ၁၂၂ ယော် ရှိနေတယ်ဆိုတာဟာ သာမန်ထက် များပြားတဲ့ ပမာဏ ပါ။

၁၂၂ ယောက်ရဲ့  အမြွှာပူး ၆၁ တွဲဟာ ယူကရိန်းနိုင်ငံရဲ့  စံချိန်စာအုပ်ထဲမှာတော့ မှတ်တမ်းဝင်သွားခဲ့ပြီး မကြာခင်မှာပဲ ဂင်းနစ် ကမ္ဘာ့စံချိန်များ စာအုပ်ထဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒေသခံတွေရဲ့  ပြောကြားချက်အရတော့ ထိုရွာမှာ အမြွှာမွေးဖွားနှုန်းဟာ ယူကရိန်းနိုင်ငံက နေရာတိုင်းထက် မြင့်မားတယ်လို့ သိရပါတယ်။

"ဒီလို အံ့ဖွယ်အမြွှာမွေးဖွားမှုဟာ ၂၀၀၄ ခုနှစ်လောက်မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကစတင်ပြီး နှစ်စဉ်နှစ်တိုင်း ၂ မြွှာပူး ၊ ၃ မြွှာပူးတွေ ဆက်တိုက်ဆိုသလို မွေးဖွားလာတာကို တွေ့ရပါတယ်။" လို့ ရွာခံ ကောင်စီဝင် Maryana Savka က ဆိုပါတယ်။

ဒေသခံ ရွာသူရွာသားတွေ ယုံကြည်နေကြတာကတော့ သူတို့ရွာမှာ အခုလို အမြွှာတွေပဲ ဆက်တိုက်မွေးဖွားနေခြင်းဟာ သူတို့သောက်သုံးနေတဲ့ စပယ်ရှယ် ရေ ကြောင့် ဖြစ်တယ်ဆိုတာပါပဲ။ သူတို့သောက်သုံးနေတဲ့ ရေဟာ ကျန်းမာရေးကောင်းမွန်စေတဲ့ အစွမ်းသတ္တိတွေရှိတယ်လို့လည်း ဒေသခံတွေက အခိုင်အမာ ဆိုကြပါတယ်။

ရွာထဲမှာနေထိုင်တဲ့ အမြွှာ ၁ တွဲထဲက Yuriy Shevira ဆိုသူကတော့ သူ့ရဲ့ ဖခင်ဟာ သူတို့ပြောတဲ့ ရေကိုသာ အမြဲ တိုက်ခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိရွာရဲ့  အသက်အငယ်ဆုံး အမြွှာရဲ့  မိခင်ဖြစ်တဲ့ Anna Tsogla ကတော့ သူမအနေနဲ့ အမြွှာမွေးလာမယ်ဆိုတာကို လုံးဝ ကြိုသိနေခဲ့တယ်လို့ ဆိုပြန်ပါတယ်။ဒါ့အပြင် ရုပ်ချင်း ချွတ်စွပ် နီးပါး တူညီတဲ့ အမြွှာညီအစ်ကို Danila နဲ့ Dmitro တို့ကတော့ သူတို့ ၂ ယောက်ကို ကျောင်းဆရာမက ပင် အခုထိ ဘယ်သူဘယ်ဝါ မခွဲခြားပြနိုင်သေးဘူးလို့ ဆိုပြန်ပါတယ်။

ဂင်းနစ်စံချိန်ဝင်နိုင်လားတော့ မသိသေးပေမယ့် ဒီရွာရဲ့  ဖြစ်ပုံကတော့ ထူးဆန်းလွန်းလှပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment