Powered by Blogger.

ကမ္ဘာ့အအေးဆုံး မြို့ က စက်ဘီးစီးပြိုင်ပွဲ




ကမ္ဘာ့အအေးဆုံး မြို့ လို့ သတ်မှတ်ခံထားရတဲ့ ရုရှားနိုင်ငံ ၊ Sakha ဒေသ ရဲ့  Yakutsk မြို့ ဟာ ကမ္ဘာပေါ်မှာ အမိုက်ဆုံး စက်ဘီးစီး ပြိုင်ပွဲကို အပူချိန် -၄၅ ဒီဂရီ ဆယ်ဆီးရပ်စ် မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အပူချိန် - ၄၅ ဒီဂရီ ဆယ်ဆီးယပ်စ်ဆိုတာဟာ တော်တော်လေးအေးတဲ့ အခြေအနေပါ။

Yakutia မြို့ က စက်ဘီးစီး ဖက်ဒရေးရှင်း မှာပါဝင်တဲ့ စက်ဘီးစီး အားကစားသမားတွေဟာ ပြိုင်ပွဲမစခင်ကတည်းက သူတို့ရဲ့ စက်ဘီး တာယာတွေအေးစက် တောင့်ခဲနေတာကို တွေ့လိုက်ရပါတယ်။ ပြိုင်ပွဲဝင် ၁၄ ယောက်ဟာ အလွန်အေးခဲနေတဲ့ ရာသီဥတုမှာ နွေးထွေးစေမယ့် အ၀တ်အစား အပြည့်အစုံနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတယ်လို့ Siberian Times သတင်းဌာနက တင်ပြထားပါတယ်။

Yakutsk မြို့ ဟာ လူဦးရေ ၃၀၀,၀၀၀ ယောက်သာနေထိုင်ပြီး ဆောင်းတွင်း အအေးဆုံး အပူချိန်အမှတ်ကတော့ - ၃၄ ဒီဂရီ ဆယ်ဆီးရပ်စ် ပျမ်းမျှ ဖြစ်ပါတယ်။

အမျိုးသား ကဏ္ဍ ပြိုင်ပွဲမှာတော့ Andrei Popov က ၁၀ ကီလိုမီတာ ဝေးတဲ့ ခရီးကို ၃၀ မိနစ် ၄၄ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး အမျိုးသမီး ကဏ္ဍမှာတော့ Nelly Pakhomova ဆိုသူက ၅ ကီလိုမီတာ အကွာအဝေးကို ၂၉ မိနစ် ၅၁ စက္ကန့်နဲ့ ပန်းဝင်ပြီး အသီးသီး ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

"စက်ဘီးစီးပြိုင်ပွဲဆိုပေမယ့် စိန်ခေါ်မှုတွေများခဲ့ပါတယ်။ ဘီးတွေက အေးခဲနေတဲ့အတွက်လည်နိုင်ဖို့ ခက်ပါတယ်။ အရမ်းကို ကြိုးစားခဲ့ရပါတယ်။ ပြိုင်ပွဲကျင်းပသူတွေကို ကျေးဇူးတင်ပါတယ်" လို့ Nelly က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment