Powered by Blogger.

ဇန်န၀ါရီလ ၆ ရက်နေ့မှ ခရစ်စမတ် ပွဲတော်ကျင်းပမယ့် ဗြိတိန်နိုင်ငံက မြို့ လေးတစ်မြို့ 





ဗြိတိန်နိုင်ငံက ကျွန်းစွယ် မြို့ တစ်မြို့ ဟာ အခုချိန်အထိ ခရစ်စမတ် ပွဲတော် နဲ့ နယူးရီးယားပွဲတော် တွေကို မ ကျင်းပရသေးပါဘူး။

Shetland ပြည်နယ်မှာ ရှိတဲ့ Foula ဆိုတဲ့ ကျွန်းစွယ်မြို့ လေးဟာ ဇန်န၀ါရီလ ၆ ရက်မှာ စတင်ပြီး ပွဲတော်ကာလကို စတင်ပြီး ၇ ရက်ကြာမြင့်ပါတယ်။ အဲဒီ ပွဲတော်ကာလကို သူတို့အတွက် ခရစ်စမတ် နဲ့ နယူးရီးယား အဖြစ် သတ်မှတ်ထားကြတယ်လို့ Old Julian ပြက္ကဒိန် အရသိရပါတယ်။

ဒါကြောင့် ဗြိတိန် တစ်နိုင်ငံ လုံး နဲ့ တစ်ကမ္ဘာလုံးမှာ ဟက်ပီးနယူးရီးယား လို့ အော်နေကြချိန်မှာ Foula ကျွန်းစွယ်မှာ ဘာပါတီမှ မရှိခဲ့ပါဘူး။ ကျွန်းစွယ်မှာနေထိုင်သူတွေဟာ ဇန်န၈ါရီလ ၆ ရက်နေ့ကို ခရစ်စမတ်နေ့အဖြစ်သတ်မှတ်ထားကာ ထို ကျွန်းစွယ်မှာ နေထိုင်သူတွေဟာ ခရစ်စမတ်နေ့မှာ အိမ်တစ်အိမ်တွင် စုရုံးကာ လက်ဆောင်လဲလှယ်ခြင်းများ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

"ကျွန်းသူကျွန်းသားတွေဟာ ဒီရက်တွေကို ဂျော်ဂျီယန် ပြက္ကဒိန်မှာကတည်းက ကျင်းပခာတာပါ။ ဒါဟာ ကျွန်ုပ် တို့ရဲ့  ရိုးရာဓလေ့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ပဲ ဒီလို ရှိတာမဟုတ်ပါဘူး။ ကမ္ဘာပေါ်ကနေရာဒေသအချို့ ဟာလည်း ပြက္ကဒိန် အဟောင်းကို အသုံးပြုနေကြတုန်းပါ။" လို့ ထိုကျွန်းမှာနေထိုင်သူတစ်ယောက်ဖြစ်တဲ့ Jim Gear က ဆိုပါတယ်။

ထို ကျွန်းစွယ်ဟာ ၃ မိုင်ခွဲခန့်သာ ရှည်လျားပြီး ၂ မိုင်ခွဲခန့်သာ ကျယ်ဝန်းပါတယ်။ ထိုကျွန်းစွယ်လေးမှာ တော့ ဒီဇယ် မီစက်တစ်လုံးနဲ့ ၁၉၈၄ ခုနှစ်မှာ လျှပ်စစ်မီး စတင်အသုံပြုလာခဲ့ပြီး အသိုင်းအ၀ိုင်း ၃၀ ခန့်သာ နေထိုင်ကြတယ်လို့ သိရပါတယ်။ ထို ကျွန်းလေးဟာ The Edge of the World ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ တည်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment