Powered by Blogger.

၂၀၁၆ ခုနှစ်အတွက် အမေရိက ရဲ့  ပြည်နယ် ၁၄ ခုမှာ အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်သတ်မှတ်




အမေရိကန် ပြည်ထောင်စု ရဲ့  ပြည်နယ် ၁၄ ခုမှာ ရှိကြတဲ့ အလုပ်သမားတွေဟာ နှစ်သစ်ကူးပြောင်းပြီး ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ကာ သူတို့ရဲ့ ဝင်ငွေတွေမြင့်တက်လာတာကို မြင်ရတော့မှာပါ။

ဝင်ငွေမြင့်တက်မှု အကြီးမားဆုံးဖြစ်လာမှာက အလာစကာ ၊ ကယ်လီဖိုးနီးယား ၊ မန်ဆာချူးဆက် နဲ့ နီဘရာစကာ ပြည်နယ်တို့မှာ ဖြစ်ပြီး ထိုမြို့နယ်မှာတော့ အလုပ်သမားတစ်ဦးရဲ့  အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို တစ်နာရီ ကို ၁ ဒေါ်လာ နှုန်းဆီ တိုးမြှင့်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ နယူးယော့ခ် မြို့မှာလည်း တစ်နေ့တာ အနိမ့်ဆုံးလုပ်အားခ ၈.၇၅ ဒေါ်လာကနေ ၉ ဒေါ်လာ အထိ ပြောင်းလဲသတ်မှတ်ထားပါသေးတယ်။

ဒါပေမယ့် Fast Food စားသောက်ဆိုင် အလုပ်သမားတွေကတော့ နယူးယော့ခ်မြို့ မှာ တစ်နေ့ ၁၀.၅ ဒေါ်လာ နဲ့ အခြား ပြည်နယ်တွေမှာ ၉.၇၅ ဒေါ်လာ တို့ကို အနိမ့်ဆုံး လုပ်အားခ အဖြစ် သတ်မှတ်ခံစားနိုင်မှာပါ။

ဝါရှင်တန် ဒီစီ ၊ မယ်ရီလန်း ၊ မင်နီဆိုတာ နဲ့ နီဗားဒါး ပြည်နယ်တွေမှာတော့ လိုအပ်တဲ့ ဥပဒေနဲ့အညီခွင့်ပြုမှုတွေကို အရင်လုပ်ဆောင်နေပြီး အနိမ့်ဆုံးလုပ်အားခ ကို ဒီနှစ်ထဲမှာပဲ တိုးမြှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။

အမျိုးသားဝန်ထမ်းရေးရာဥပဒေ စီမံကိန်း အရ အမေရိက မှာ ရှိတဲ့ ပြည်နယ် ၁၄ ခုမှာ အနိမ့်ဆုံးလုပ်အားခ ကို ဇန်န၀ါရီ ၁ ရက်က စတင်ကာ အရင် တစ်နာရိ ၅ ပြားနှုန်းကနေ တစ်နာရီ ၁ ဒေါ်လာ နှုန်းအဖြစ် ပြောင်းလဲသတ်မှတ် ပေးခဲ့တာဖြစ်ပြီး နယူးယော့ခ် နဲ့ ကယ်လီဖိုးနီးယားတို့ အပါအ၀င် ပြည်နယ် အချို့ ကတော့ ၂၀၂၁ ခုနှစ်ရောက်တာနဲ့ တစ်နာရီကို ၁၅ ဒေါ်လာ အနိမ့်ဆုံး လုပ်အားခအဖြစ် သတ်မှတ်ပေးနိုင်ဖို့ စီမံကိန်းရေးဆွဲထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment