Powered by Blogger.

ရေခဲ တန်ဖိုး စတာလင်ပေါင် သန်း ၂၀ နီးပါး သုံးပြီးတည်ဆောက်ထားတဲ့ ကနေဒါက ရေခဲနန်းတော်




ကနေဒါနိုင်ငံ ၊ Alberta ပြည်နယ် ၊ Edmonton မြို့  ရဲ့  ပထမဆုံး ရေခဲနန်းတော်ကို တည်ဆောက်ဖို့အတွက် ရေခဲ တန်ဖိုး စတာလင်ပေါင် သန်း ၂၀ နီးပါး သုံးခဲ့ရတယ်လို့ သိရပါတယ်။

Edmonton ရေခဲနန်းတော်ဟာ Utah အခြေစိုက် Ice Castles ကုမ္မဏီက ဖန်တီး တည်ဆောက် ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကာ ပထမဆုံး ဖွင့်လှစ်တဲ့နေ့မှာတင်ပဲ လူဦးရေ ၄၀၀၀ ခန့်က လက်မှတ်ဝယ်ယူပြီး ၀င်ရောက်လေ့လာခဲ့ကြတယ်လို့ လည်း သိရပါတယ်။

ထို ရေခဲနန်းတော် ဆောက်လုပ်ရေး ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်လိုက်ကတည်းက ဒီစီမံကိန်းအတွက် အလုပ်လုပ်ပေးလာခဲ့တဲ့ Kate Steiert ဆိုသူ ဗိသုကာ ပညာရှင် အမျိုးသမီး ကတော့ သူမအနေ နဲ့ နောက်ဆုံး ရလဒ်ကို သဘောကျမိတယ်လို့ ဆိုပါတယ်။

ထို နန်းတော်အတွင်းမှာရှိတဲ့ ရေခဲတုံးတွေဟာ LED မီးရောင်တွေနဲ့ ချိတ်ဆက်ထားပြီး ညဘက် အချိန်တွေမှာ ထို LED အလင်းရောင်တွေက ရေခဲရုပ်ထုတွေရဲ့  ပုံရိပ်ကို ထင်ဟပ်ပြသပေးမှာဖြစ်ပါတယ်။

ထို ကုမ္မဏီဟာ အရင်ကလည်း Utah ၊ Minnesota နဲ့ New Hampshire မြို့ တို့မှာလည်း နန်းတော်တွေ တည်ဆောက်ခဲ့ပေမယ့် Edmonton မြို့ က ရေခဲနန်းတော်ကတော့ ရေခဲ တန်ဖိုး စတာလင်ပေါင် သန်း ၂၀ ခန့် အသုံးပြုထားကာ ဧရိယာ အကျယ်အ၀န်း ၂ ဧက ခန့်ကို အသုံးပြုတည်ဆောက်ထား တာလည်းဖြစ်တဲ့အတွက် ဒီလို အနေအထားနဲ့ ရေခဲနန်းတော် မျိုးဟာ ကနေဒါ နိုင်ငံ မှာ ပထမဦးဆုံး ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment