Powered by Blogger.

အေးခဲနေတဲ့ ငါးတစ်ကောင် ရေနွေးထဲတွင် အရည်ပျော်ကာ အသက်ပြန်ဝင်လာ




အေးခဲနေတဲ့ ငါးတစ်ကောင် ရေနွေးထဲမှာ  အသက်ပြန်ဝင်လာကာ လှုပ်ရှားပြီး သူ့ဘာသာသူ ရေကူးနေတဲ့ ဗီဒီယိုတစ်ခုကို တရုတ်ပြည်ကနေ ရရှိခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုကိုတော့ လွန်ခဲ့တဲ့ သောကြာနေ့က Jiangsu ပြည်နယ်မှာ ရိုက်ကူးခဲ့တာပါ။ လူတစ်ယောက်က အေးခဲနေတဲ့ငါးကို ရေခဲသေတ္တာထဲကနေထုတ်ယူပြီး ခြင်းတောင်းထဲကို ထည့်လိုက်တဲ့အခါမှာ ကျန်းမာနေတဲ့ငါးလိုပြုမှုပုံကို တွေ့ရမှာပါ။

အေးခဲနေတဲ့ငါးက ဖြည်းဖြည်းချင်း အရည်ပျော်လာပြီးတော့ ၁မိနစ်လောက်ကြာတော့ ဖြည်းညှင်းစွာ စတင်လှုပ်ရှားလာတာဖြစ်ပါတယ်။
ငါးက ပိုပြီးမြန်မြန် လှုပ်ရှားလာကာ ကျန်းမာသန်စွမ်းတဲ့ ငါးတစ်ကောင်အတိုင်း ထင်ရပါတယ်။

ဗီဒီယိုထဲက အဖြစ်အပျက်တွေဟာ ငါးရဲ့ခန္ဓာကိုယ်တွင်းက အအေးဒဏ်ခံ ပရိုတင်းတွေကြောင့် အေးခဲမှုဖြစ်စဉ်မှာ ငါးရဲ့ဆဲလ်တွေကို မဖျက်ဆီးနိုင်တာဖြစ်နိင်တယ်လို့ ကျွမ်းကျင်သူတွေကတော့ ပြောကြပါတယ်။



( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment