Powered by Blogger.

ကမ္ဘာ့စစ်အင်အားအကြီးမားဆုံးနိုင်ငံများ


Global Firepower က ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံတွေကိုစစ်တမ်းကောက်ပြီးဖော်ပြခဲ့ပါတယ်။ သူတို့က နိုင်ငံပေါင်း ၆၈နိုင်ငံကကောက်ခံလို့ရတဲ့စစ်တမ်းတွေကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါစစ်တမ်းက စစ်အင်အားကိုတွက်ချက်ရာမှာ လူအင်အား၊ မြေပြင်စနစ်၊ လေတပ်အင်အား၊ ရေတပ်အင်အား၊ ရင်းမြစ်များ၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍရေး နဲ့ ပထဝီမြေပြင်အခြေအနေတွေကို ထည့်သွင်းတွက်ချက်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းမှာ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့လို နိုင်ငံတွေပါမလာတာကတော့ အံ့အားသင့်စရာကောင်းနေပါတယ်။ ဖြစ်နိုင်တာကတော့ အဲ့ဒီနိုင်ငံတွေက စစ်တမ်းကောက်ယူဖို့အတွက် အခက်အခဲတွေအများကြီးရှိနိုင်တာကြောင့်လည်းပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့လေ့လာကြည့်ကြရအောင်။

၁၀) ဘရာဇီးလ်


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၃၁ ၅၇၆ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းသုံးသောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၃၇၁၁၉၉
အရံအင်အား: ၁၀၄ ၇၀၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၈၂၂
စုစုပေါင်းရေတပ်ရေယာဉ်: ၁၀၆

၉) အီတလီ


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၃၁ ၉၄၆ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းသုံးသောင်းကျော်)
လက်ရှိစစ်သည်အင်အား:၂၉၃ ၂၀၂
အရံအင်အား: ၂၅ ၀၈၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၇၇၀
စုစုပေါင်းရေတပ်ရေယာဉ်: ၁၇၉

၈) တောင်ကိုရီးယား


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၂၈ ၂၈၀ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းနှစ်သောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၆၅၃ ၀၀၀
အရံအင်အား: ၂၅ ၁၀၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၈၇၁
စုစုပေါင်းရေတပ်ရေယာဉ်: ၁၉၀

၇) ဂျာမနီ


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၄၃ ၄၇၈ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းလေးသောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၁၄၆ ၉၉၆
အရံအင်အား: ၄၃ ၆၂၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၉၂၅
စုစုပေါင်းရေတပ်ရေယာဉ်: ၆၇

၆) ပြင်သစ်


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၅၈ ၂၄၄ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းငါးသောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၃၆၂ ၄၈၅
အရံအင်အား: ၂၉ ၆၁၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၅၄၄
စုစုပေါင်းရေတပ်ရေယာဉ်: ၁၈၀

၅) UK


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၅၇ ၈၇၅ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းငါးသောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၂၂၄ ၅၀၀
အရံအင်အား: ၃၁ ၇၂၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၁၄၁၂
စုစုပေါင်းရေတပ်ရေယာဉ်: ၇၇

၎) အိန္ဒိယ


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၄၄ ၂၈၂ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းလေးသောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၁ ၃၂၅ ၀၀၀
အရံအင်အား: ၄၈၇ ၆၀၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၁၉၆၂
စုစုပေါင်းရေတပ်ရေယာဉ်: ၁၇၀

၃) တရုတ်


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၁၂၉ ၂၇၂ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းတစ်သိန်းကျော်)
လက်ရှိစစ်သည်အင်အား: ၂ ၂၈၅ ၀၀၀
အရံအင်အား: ၇၉၅ ၅၀၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၅၀၄၈
စုစုပေါင်းရေတပ်ရေယာဉ်: ၉၇၂

၂) ရုရှား


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၆၄ ၀၀၀ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းခြောက်သောင်းကျော်)
လက်ရှိစစ်သည်အင်အား: ၁ ၂၀၀ ၀၀၀
အရံအင်အား: ၇၅ ၃၃၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၄၄၉၈
စုစုပေါင်းရေတပ်ရေယာဉ်: ၂၂၄

၁) အမေရိကန်ပြည်ထောင်စု


ကာကွယ်ရေးအသုံးစရိတ်: ဒေါ်လာ ၆၈၉ ၅၉၁ ၀၀၀ ၀၀၀(ဒေါ်လာသန်းပေါင်းခြောက်သိန်းကျော်)
လက်ရှိစစ်သည်အင်အား: ၁ ၄၇၇ ၈၉၆
အရံအင်အား: ၁၅၃ ၆၀၀ ၀၀၀
စုစုပေါင်းတိုက်လေယာဉ်: ၁၅ ၂၉၃
စုစုပေါင်းရေတပ်ရေယာဉ်: ၂၉၀

ယခုတွက်ချက်မှုတွေထဲမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူး။ ဒါပေမယ့်ယခုစာရင်းကို ဦးဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတွေထက် ကာကွယ်ရေးအသုံးစရိတ် (Defense Budget) ရော၊ လူအင်အား၊ လက်နက်အင်အားပါ အပြတ်အသတ်သာလွန်ပြီး ထိပ်ဆုံးကနေ ထိုက်ထိုက်တန်တန် ဦးဆောင်နေတာကို တွေ့ရပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: WondersList




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment