Powered by Blogger.

ဖျံပေါက်စလေးတစ်ကောင် အဝေးပြေးလမ်းမကြီးပေါ် ဖြတ်ကူးရင်း ကံကောင်းစွာနဲ့ အသက်ရှင်



အလွန်အမင်းအားနည်းနေတဲ့ ဖျံပေါက်စလေးတစ်ကောင်ကို San Francisco Bay ဧရိယာစီးပွားရေးပန်းခြံရဲ့ ချုံပုတ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်၆နာရီလောက်မှာ တစ်စုံတစ်ယောက်က ရေဓါတ်ပြတ်လပ်ကာ အလွန်အမင်းအားနည်းနေတဲ့ ဖျံလေးကို တွေ့ရှိခဲ့ပြီးနောက် အကြောင်းကြားခဲ့ကြောင်း  Hayward ရဲတွေက သူတို့ဌာနရဲ့ Facebook စာမျက်နှာမှာပေါ်တွင် ပြောကြားခဲ့ပါတယ်။

ရဲတွေက “တစ်နည်းနည်းနဲ့ ရေထဲကထွက်လာတဲ့ ဖျံလေးက ကားသွားကားလာများလှတဲ့ Interstate 880ကို ဖြတ်လာခဲ့ပြီး ခြုံပုတ်တွေထဲကို ရောက်လာခဲ့တာပါ” လို့ပြောပါတယ်။

ရဲတွေက စစချင်း ဖုန်းဆက်အကြောင်းကြားတဲ့သူက တောကြောင်တစ်ကောင်ကို ဖျံအထင်နဲ့ မှားပြီးဆက်သွယ်ခဲ့တယ်လို့ ထင်ခဲ့ကြတာပါ။
ရဲတွေက  Sausalitoမှာရှိတဲ့ Marine Mammal Centerကို ဆက်သွယ်ခဲ့ပါတယ်။ Centerရဲ့ပြောရေးဆိုခွင့်သူ Laura Sherrက ဖျံကလေးကို သွားရောက်ကယ်တင်ခဲ့ပြီး အစာကျွေးကာ အာဟာရပြည့်ဝရင် သူ့နေရာသူ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။



( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Foxnews


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment