Powered by Blogger.

အိုင်ယာလန်နိုင်ငံက ဖအေမတူ မအေကွဲ အမြွှာညီအစ်မ




ဒီ မိန်းကလေး ၂ ယောက်ကတော့ အမြွှာလို့ကို ထင်မှတ်ရလောက်အောင် ရုပ်ချင်းဆင်နေကြပါတယ်။ ဒါပေမယ့် သူမ တို့ ၂ ယောက်ဟာ ဆွေးမျိုးတော်စပ် ခြင်း လုံးဝ မရှိပါဘူး။

Niamh Geaney ဆိုသူ ကောင်မလေးတစ်ယောက် ဟာ TwinStrangers.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ သူမနဲ့ ရုပ်ချင်းအရမ်းဆင်လွန်းတဲ့ Irene Adams ဆိုသူ ကောင်မလေးတစ်ယောက်နဲ့ ခင်မင်တွေ့ဆုံခဲ့ရပါတယ်။ အဲဒါကြောင့် သူမတို့ ၂ ယောက်ဟာ သွေးသားတော်စပ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ အံအားသင့်စရာက သူမတို့ ၂ ယောက်ဟာ ညီအစ်မ ဖြစ်နိုင်ချေ ၁.၁ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သွေးသားတော်စပ်တဲ့ လက္ခဏာ မျိုးတော့ ရလဒ် မှာ ဖော်ပြထားခြင်း မရှိပါဘူး။ ရုပ်ချင်းဆင်ကြတာပဲရှိပြီး သူမတို့ ၂ယောက်လုံးဟာ အိုင်ယာလန်သူ တွေလည်း ဖြစ်နေကြပါတယ်။

သူမတို့ ၂ ယောက်အနေနဲ့ သွေးသားတော်စပ်ခြင်း မရှိရခြင်းအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်း လောက်ကတည်းက Niamh ရဲ့  ဘိုးဘေးဘီဘင် မျိုးရိုးဟာ အနောက်တောင် အာရှ မှာ အခြေစိုက်ခဲ့တာ ဖြစ်ပြီး Irene ရဲ့  မူလ မျိုးရိုးကတော့ အီရတ်နိုင်ငံနဲ့ အီရန် နိုင်ငံတို့ကြားက နယ်ခြားစည်းမျဉ်း ဒေသ ဖြစ်တဲ့ မီဆိုပိုတေးမီးယား မှာ အခြေစိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Niamh ကတော့ "ကျွန်မတို့ ၂ယောက်လုံးဟာ ကျွန်မတို့များ သွေးသားတော်စပ်နေမလားဆိုတာကို ဖော်ထုတ်ဖို့ သဘာဝ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ YouTube နဲ့ လူမှု မီဒီယာတွေမှာ လည်း ကွန်မန့်တွေပေးပြီး တောင်းဆို ခဲ့ကြတာက ကျွန်မတို့ ၂ ယောက် တစ်ကယ် အမျိုးမတော်ကြဘူးဆိုတာကို သက်သေပြပေးဖို့ပါ။ အဲဒါကြောင့် နောက်ဆုံးမှာ ကျွန်မတို့ စစ်ဆေးမှု လုပ်ခဲ့ကြပါတယ်။" လို့ ပြောပြပါတယ်။

တစ်ကယ်တော့ Niamh ဟာ နာမည်တူ လူတူ မရှား ဆိုသလိုပဲ သူမနဲ့ ရုပ်ချင်းဆင်တဲ့ သူတွေကို ရှာဖွေချင်စိတ်ရှိခဲ့တဲ့အတွက် TwinStrangers.com ၀က်ဘ်ဆိုက်ကို ကိုယ်တိုင်တည်ထောင်ခဲ့ပြီး ရှာဖွေနေခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ဟာ Irene နဲ့မတွေ့ခင်တုန်းကလည်း Karen Branigan ၊ Luisa Guizzardi ဆိုတဲ့ ကောင်မလေးတွေနဲ့ ရုပ်ချင်းဆင်တာကို တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Irene ကတော့ သူမနဲ့ ရုပ်ချင်းအဆင်တူ ဆုံးပါပဲ။လက်ရှိမှာတော့ Irene နဲ့ Niamh တို့ ၂ယောက်လုံးဟာ အိုင်ယာလန် နိုင်ငံရဲ့  မြို့ တော် ဒဗ္ဗလင် မြို့  မှာနေထိုင်နေကြ ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment