Powered by Blogger.

ဒိန်းမတ်က ရေသူမရုပ်ကို ညစ်ညမ်းတဲ့ပုံဖြစ်တယ်လို့ယူဆပြီး facebook က တင်ခွင့်မပေး




ဒိန်းမတ်နိုင်ငံက  ရေသူမရုပ်တစ်ရုပ်ဟာ လူအများစုရဲ့ စိတ်ဝင်စားမှုကိုခံရပြီး အထင်ကရဖြစ်ပေမယ့်လည်း ညစ်ညမ်းဓာတ်ပုံစည်းမျဉ်းတွေနဲ့ မညီညွတ်တာကြောင့် Facebook စာမျက်နှာမှာတော့ ဖော်ပြခွင့် မရရှိခဲ့ပါဘူး။

ဒီရေသူမရုပ်ဟာ ဒိန်းမတ်စာရေးဆရာ Hans Christian Andersen ရဲ့ ဒဏ္ဍာရီပုံပြင်ထဲက ရေသူမဖြစ်ပြီး ထင်ရှားကျော်ကြား လူသိများပေမယ့်လည်း ရုပ်ထုရဲ့ ပုံဟာ Facebook ရဲ့ ဓာတ်ပုံစည်းမျဉ်းနဲ့ မညီတာကြောင့် ဖော်ပြခံရခြင်းမရှိခဲ့ဘဲ ဆိုရှယ်နက်ဝက်မှာတော့ လူသိများခြင်းမရှိခဲ့ပါဘူး။

ဒီရဲ့ ရေသူမကြေးရုပ်ပုံကိုတော့ နယ်ခံနိုင်ငံရေးသမားဖြစ်တဲ့ Mette Gjerskov က Facebook ပေါ်ကို တင်ဖူးခဲ့ပေမယ့်လည်း ရုပ်ထုဟာ ညစ်ညမ်းတဲ့ပုံသဏ္ဍာန်ရှိတယ်ဆိုပြီး ပို့စ်ကို Facebook ကပယ်ဖျက်ခဲ့ပါတယ်။ ဒီရဲ့ ရုပ်ထုဟာ ၁၀၂ နှစ် သက်တမ်းရှိပြီဖြစ်ပြီး အပေါ်ပိုင်းဗလာနဲ့ ရေသူမတစ်ယောက်က ထိုင်နေတဲ့ ပုံကို ထုလုပ်ထားခဲ့တာပါ။


ဒါကိုတော့ Mette Gjerskov က " ကျွန်မတို့နိုင်ငံရဲ့ အထင်ကရ ပြယုဂ်တစ်ခုက သူတို့ရဲ့ ဥပဒေနဲ့ ညှိစွန်းလောက်အောင် မညစ်ညမ်းပါဘူး " လို့ ပြောပါတယ်။ Facebook မှာတော့ အဖော်အချွတ်ပုံတွေကို ခဏခဏမြင်နေရဆဲဖြစ်ပြီး ဝတ်လစ်စလစ်ရုပ်ထုဓာတ်ပုံကိုမှ ပယ်ဖျက်ခဲ့တာကိုတော့ လူအများကဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း facebook ကတော့ အခုလို ဝေဖန်သံတွေပေါ်ထွက်လာခဲ့တဲ့နောက်မှာ Mette Gjerskov  ရဲ့ ပို့စ်ကို ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment