Powered by Blogger.

အမေရိကန်က သုံးနှစ်အရွယ် အဘွားအို


အခုတလော တွစ်တာမှာ ခေတ်စားနေတဲ့သူကတော့ အမေရိကန်နိုင်ငံက သုံးနှစ်အရွယ် အဘွားအိုလေးပါပဲ။ Roey လို့အမည်ရတဲ့ သုံးနှစ်အရွယ် အဘွားအိုကိုတော့ သူ့ရဲ့ အဒေါ်ဖြစ်သူ မိတ်ကပ်ပညာရှင်က နာမည်ကြီးအောင်ပြုလုပ်ပေးလိုက်တာပါ။

မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Samantha Parsons ဟာ တူမဖြစ်သူလေးကို လက်တည့်စမ်းတဲ့အနေနဲ့ မိတ်ကပ်လိမ်းခြယ်ပေးခဲ့တာဖြစ်ပြီး တွစ်တာပေါ်ကို တင်ခဲ့ရာမှာတော့ လူထောင်ပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ တူမဖြစ်သူကတော့ ပါးရေတွေတွန့်ပြီး နဖူးက အစင်းကြောင်းတွေနဲ့ တကယ့်အဘွားအို ပုံစံပေါက်သွားခဲ့တာပါ။

အဒေါ်ဖြစ်သူရဲ့ မိတ်ကပ်လက်စွမ်းကတော့ တူမဖြစ်သူကို နာမည်ကျော်စေခဲ့ပြီး retweet လုပ်မှု အကြိမ်ရေ ၂၇၀၀၀ အထိရှိခဲ့ပါတယ်။ အဒေါ်ဖြစ်သူရဲ့ မိတ်ကပ်လက်စွမ်းကိုလည်း ချီးကျူးခဲ့ကြပြီး ငါ့ကလေးကိုလည်း လိမ်းပေးပါလား ကျောင်းမှာ ပေါ်ပြူလာဖြစ်သွားအောင် အစရှိသဖြင့် ရေးသားခဲ့ကြပါတယ်။




( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment