Powered by Blogger.

လူတွေအတွက် အန္တရာယ်အကင်းရှင်းဆုံးဒရုန်း BBC သတင်းထောက်ကြောင့်ပျက်စီးသွားခဲ့


ကမ္ဘာ့အန္တရာယ်အကင်းရှင်းဆုံး ဒရုန်းလို့သတ်မှတ်ထားတဲ့  " Fleye " လို့အမည်ရတဲ့ ဒရုန်းကို BBC သတင်းထောက်ဖြစ်တဲ့ Jen Copestake က မိတ်ဆက်တင်ပြချိန်မှာ ကံမကောင်းစွာနဲ့ပဲ ဒီဒရုန်းခမျာတော့ လူတွေကြောင့် အန္တရာယ်မကင်းခဲ့ရှာပါဘူး။ ဒီဒရုန်းကိုတော့ ကင်မရာအနောက်ကနေ ထိန်းချုပ်ပျံသန်းနေတာဖြစ်ပြီး Jen ရဲ့ အနားကို လာရောက်ပျံသန်းပြပြီး လူတွေကို အန္တရာယ်မရှိစေတာကို ပြသနေတာပါ။

" ဒီဒရုန်းရဲ့ တစ်ခုတည်းသော ပန်ကာကတော့ သူ့ရဲ့ ကိုယ်ထဲမှာပဲ မြှုပ်နေတယ်။ ဒါ့ကြောင့် အန္တရာယ်လည်းမရှိဘဲ လူတွေက သူ့ကို ကိုင်တွယ်လို့ရတယ်လို့ " ပြောနေချိန်မှာပဲ သူ့လက်ထဲက လွတ်ထွက်သွားပြီး ကျကွဲသွားတာပါ။  အဲ့နောက်မှာတော့ ဒရုန်းရဲ့ အချို့အစိတ်အပိုင်းတွေကတော့ ကျိုးပဲ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်ဒ ပြုပြင်ရေးအသင်းက လူတွေက 3D printer နဲ့ ချက်ချင်း ပြန်လည်ပုံဖော်ပြီး
တိတ်တွေ ကော်တွေနဲ့ ပြန်လည်ပြုပြင်ခဲ့ပေးနိုင်တယ်လို့ သိရပါတယ်။

" ဒီဒရုန်းက အန္တရာယ်မရှိတာကြောင့် ကျွန်မအနေနဲ့တော့ ဘာထိခိုက်မှုမှ မရှိခဲ့ပါဘူး။ " လို့ သူမက ပြောခဲ့ပါတယ်။ ဒီဒရုန်းမှာတော့ အရှိန် ၊ အသံနဲ့ တည်နေရာကို ရှာဖွေတဲ့စနစ်တွေအပြင်  ဒရုန်းကို မလူးအောင် ထိန်းပေးနိုင်တဲ့ ကိရိယာတွေကို အာရုံခံစနစ်တွေနဲ့ ထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။

ဒီဒရုန်းကိုတော့ iPhone ထဲကနေ အက်ပလီကေးရှင်းနဲ့ ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဒရုန်းဟာဆိုရင်တော့  BBC သတင်းထောက် Jen Copestake လက်ထဲမရောက်ခင်မှာတင် ထိန်းချုပ်နေတဲ့သူက ပါဝါပိတ်လိုက်တာကြောင့် အခုလို ကျကွဲခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment