Powered by Blogger.

ဥာဏ်ရည်မြင့်စက်ရုပ်တွေက ၂၀၄၀ ပြည့်နှစ်မှာ လူသားတွေကို စစ်ကြေညာနိုင်ဟု ကျွမ်းကျင်သူတွေ သတိပေး





စက်ရုပ်အကြောင်းတွေကို စနစ်တကျလေ့လာပြီး သိပ္ပံဆိုင်ရာ အကြောင်းအရာတွေကို ရေးသားနေတဲ့ ပညာရှင်တွေက ဖွံ့ဖြိုးလာမယ့် စက်ရုပ်တွေဟာ ၂၀၄၀ ပြည့်နှစ်မှာ လူသားတွေကို စစ်ကြေညာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ စက်ရုပ်တွေဟာ အသိဥာဏ်တွေ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာချိန်မှာတော့ သူတို့ဟာ ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ခွင့်ကို တောင်းဆိုကြလိမ့်မယ်လို့ သူတို့က ခန့်မှန်းလိုက်တာပါ။

ဒါ့ကြောင့်လူသားတွေအနေနဲ့ အဆင့်အတန်းမြင့်မားတဲ့ ကာကွယ်ရေးစက်ရုပ်တွေကိုလည်း ပြန်လည် တီထွင်ထားသင့်တယ်လို့ ဖော်ပြထားပါတယ်။
လူလောက်နီးပါးမှတ်ဥာဏ်ကောင်းတဲ့စက်ရုပ်တွေကို ၂၀၄၀ နဲ့ ၂၀၅၅ ကြားမှာ အများဆုံးထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပြီး သူတို့အတွက်လည်း စွမ်းအင်အရင်းအမြစ်တွေ ပေးစွမ်းနိုင်မယ့် နေရာတစ်ခုကို လူသားတွေဆီကလည်း ပြန်လည်တောင်းခံလာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

၂၀၁၄ ခုနှစ်အတွင်းမှာတော့ စစ်ဘက်ဆိုင်ရာသုံး စက်ရုပ်ပေါင်း ၁၁၀၀၀ ကို ကမ္ဘာအနှံ့အပြားမှာ တီထွင်နိုင်ခဲ့ကြပြီး စက်ရုပ်ထုတ်လုပ်မှုဟာ တစ်နှစ်ကို ၁၃ ရာနှုန်းအထိ မြင့်မားလာတာကြောင့် ၂၀၄၀ ခုနှစ်ရောက်ရင်တော့ စက်ရုပ်ပေါင်း နှစ်သိန်းသုံးသောင်းလောက် ကမ္ဘာပေါ်မှာ တည်ရှိနေနိုင်မှာဖြစ်ပါတယ်။

၂၀၅၃ အရောက်မှာတော့ ကမ္ဘာပေါ်မှာ စက်ရုပ်အရေအတွက်ဟာ တစ်သန်းလောက်အထိရှိလာနိုင်ပြီး တစ်ဝက်လောက်ဟာဆိုရင်တော့ အမေရိကန်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာသုံး စက်ရုပ်တွေဖြစ်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ အရမ်းကို အသိဥာဏ်မြင့်မားတဲ့ စက်ရုပ်တွေဟာ လူသားတွေ သေဆုံးသွားရင်တောင် ဆက်လက်နေထိုင်နိုင်ဖို့ ကြိုးစားသွားနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment