Powered by Blogger.

လက်ဗွေရာနဲ့ သေနတ်ပစ်ရမယ့် စမတ် သေနတ်နည်းပညာကို ဖန်တီးကြဖို့ အိုဘားမား ပြော




အိမ်ဖြူတော် မှာ ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခု အရ အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ သေနတ်ကိုင် အကြမ်းဖက်မှု တွေကို လျော့နည်းသွားစေနိုင်မယ့် စီမံကိန်းတစ်ခုကို ချပြခဲ့ပါတယ်။ အိုဘားမား ရဲ့  စီမံကိန်းကတော့ တစ်စုံတစ်ယောက်ရဲ့  လက်ဗွေရာပါမှာ သေနတ် ကို ပစ်လို့ရနိုင်မယ့် စမတ် သေနတ် နည်းပညာ ကို ဖန်တီးဖို့ပါ။

ထို မိန့်ခွန်းပြောကြားတဲ့အခမ်းအနား ကို တက်ရောက်လာတဲ့ ဧည့်သည်တွေထဲမှာတော့ သေနတ်တွေကြောင့် ဘေးအန္တရာယ် မဖြစ်စေမယ့် နည်းပညာ ကို ဖန်တီးဖို့ ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ Bay Area ဖောင်ဒေးရှင်း ရဲ့  ဥက္ကဋ္ဌ ဖြစ်သူ Margot Hirsch လည်းပါဝင်နေပါတယ်။ ထိုနည်းပညာကိုတော့ TriggerSmart လို့ခေါ်ပါတယ်။

အိုဘားမားရဲ့  မိန့်ခွန်းထဲမှာတော့ "မင်းဆီမှာ မှန်ကန်တဲ့ လက်ဗွေရာ မရှိရင် မင်းရဲ့ ဖုန်းကို unlock လုပ်လို့မရသလိုပဲ ငါတို့ သေနတ်တွေမှာလည်း အလားတူ နည်းပညာကိုထည့်သွင်းလို့မရနိုင်ဘူးလား" လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါဟာ Margot Hirsch ရန်ပုံငွေထောက်ပံ့နေတဲ့ TriggerSmart နည်းပညာ ကိုဆိုလိုတာ ဖြစ်နိုင်ပါတယ်။ အိုဘားမား တောင်းဆိုခဲ့တဲ့ နည်းပညာမျိုးဟာ ဂျိမ်းစ်ဘွန်း ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဂျိမ်းစ်ဘွန်း ဇာတ်လမ်း ထဲမှာတော့ မင်းသားတစ်ယောက်တည်းကို ကယ်တင်နိုင်ခဲ့တာပါ။ ဒါပေမယ့် တစ်ကယ့် အပြင်လက်တွေ့ဘ၀ မှာတော့ထိုနည်းပညာဟာ ကလေးငယ်တွေ ၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုတွေ ၊ နားလည်မှုလွဲမှားမှုတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေအားလုံးကို ပြုပြင်ပေးနိုင်မှာပါ။

Margot Hirsch ရဲ့  ပြောကြားချက်အရတော့ TriggerSmart နည်းပညာကို လက်ဗွေရာနဲ့ အမှတ်အသားမလုပ်ချင်ရင်လည်း လက်စွပ်(သို့) လက်ကောက်တွေနဲ့ လုပ်ဆောင်နိုင်အောင်လည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

"ကလေးတစ်ယောက်ဟာ အက်စပရင် ပုလင်းကိုတောင် မဖွင့်နိုင်ဘူးဆိုရင် အဲဒီကလေးတွေ ဟာ သေနတ် ရဲ့  မောင်းခလုတ်ကိုလည်း မဆွဲနိုင်တာ သေချာအောင်လို့ ငါတို့ လုပ်ဆောင်သင့်တယ်" လို့ အိုဘားမားက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : ABC7 News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment