Powered by Blogger.

တရုတ်နိုင်ငံမှာ မော်စီတုန်းပုံတူ ဧရာမရွှေရုပ်ထုကြီးကို တည်ဆောက်




တရုတ်နိုင်ငံကတော့ သူတို့ရဲ့ ကွန်မြူနစ်ဖခင်ကြီး မော်စီတုန်းကို ဂုဏ်ပြုတဲ့အနေနဲ့  မော်စီတုန်းပုံတူ ဧရာမရွှေရုပ်ထုကြီးကို ထုလုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ထုကြီးဟာ ၃၆ မီတာအမြင့်ရှိတဲ့ ရွှေရည်သုတ်ရုပ်ထုကြီးဖြစ်ပြီး ၊  မော်စီတုန်းရဲ့ ထိုင်လျက်ပုံစံကို သရုပ်ဖော်ထားပါတယ်။

ဒီရုပ်ထုကြီးကိုတော့ တရုတ်နိုင်ငံနယ်စပ်မှာရှိတဲ့ တောင်ရှုစီရင်စုက ကိုင်ဖန်းအရပ်မှာ ထုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ထုကြီးကို စတီးတိုင်တွေနဲ့ အခိုင်အမာထောက်ခံထားပြီး ကွန်ကရစ်လောင်းတည်ဆောက်ခဲ့တာပါ။ ဒီရုပ်ထုကြီးအတွက်တော့ ဒေါ်လာ ၄.၆ သန်းလောက်လည်း ကုန်ကျခဲ့ပါတယ်။

အနီးအနားကဒေသခံတွေကတော့ ဒီရုပ်ထုကြီးဟာ ခရီးသွားတွေကို ဆွဲဆောင်နေမှာဖြစ်ပြီး ဒေသန္တရအထင်ကရတစ်ခုဖြစ်လာနိုင်တာကြောင့် ဝမ်းမြောက်လျက်ရှိနေကြပါတယ်။

မော်စီတုန်း ရဲ့ ခေတ်ပြောင်းတော်လှန်ရေးကြောင့် တရုတ်နိုင်ငံမှာ လူသန်းပေါင်းများစွာသေဆုံးခဲ့ရပြီး သူ့ရဲ့ အတွေးအခေါ်တွေက တရုတ်နိုင်ငံရဲ့ ပြိုလဲနေတဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူ့ကို ထောက်ခံတဲ့သူတွေဟာ အရင်လအတွင်းကလည်း   မော်စီတုန်း ရဲ့ မွေးရပ်မြေ ရှောင်ရှန်းစီရင်စုမှာလည်း သူ့ရဲ့ အသက် ၁၂၂ နှစ်မြောက် မွေးနေ့ကို ကျင်းပပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ စကားတွေနဲ့ မှတ်သားစရာတွေကို နောင်လာနောက်သားတွေ လက်ထက်အထိ ဆက်လက် လေ့လာနိုင်အောင်လည်း ဒီရုပ်ထုကို အခုလို ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail








Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment