ISIS တွေထောင်ထားတဲ့ ဗုံးတွေကို ရှာဖွေဖို့အတွက် အနံ့ခံကြွက်တွေ အသုံးပြုဖို့ ပူတင် စီစဉ်နေ
အကြမ်းဖက်မှု ကို ဆန့်ကျင်တဲ့ စစ်ပွဲတွေထဲမှာတော့ ဗုံးရှာဖွေရေး ကြွက်တွေဟာ အနံ့ခံခွေးတွေ နေရာကို အစားထိုးလာတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။
ရုရှား နိုင်ငံရေး ကျွမ်းကျင်သူတွေ အခိုင်အမာ ဆိုခဲ့တာကတော့ ရုရှားသမ္မတ ပူတင်ဟာ ISIS အစွန်းရောက်တပ်သားတွေ တပ်ဆင်ထားတဲ့ ပေါက်ကွဲ ပစ္စည်းတွေကို ရှာဖွေဖို့အတွက် ကြွက်တွေကို လေ့ကျင့်ပေးခိုင်းထားတယ်ဆိုတာပါပဲ။ ဒါ့အပြင် ထိုကြွက်တွေဟာ အုတ်ပုံ အပြိုအပျက်တွေကြားထဲ ပိတ်မိနေတဲ့ လူသားတွေကိုပါ ရှာဖွေပေးနိုင်ပါတယ်။
ထို ကြွက်တွေဟာ အနံ့ခံ အာရုံ ကောင်းမွန်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်အတွင်တော့ အသုံးပြုဖို့အတွက် သင့်တော်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရုရှားနိုင်ငံ ၊ Rostov-on-Don မြို့ မှာရှိတဲ့ ရနံ့ပိုင်းဆိုင်ရာ သိမြင်နားလည်မှု ဓါတ်ခွဲခန်း(LOP) အတွင်းမှာတော့ ထို ဗုံးရှာဖွေရေးမှာ အသုံးပြုမယ့် ကြွက်တွေရဲ့  ဦးနှောက်ကို လျှပ်စစ်နဲ့ ချိတ်ဆက်ထားတာ တွေ့ရပါတယ်။
ထို ဓါတ်ခွဲခန်း ရဲ့  ဥက္ကဋ္ဌ ဖြစ်သူ Dmitry Medvedev က ပြောတာကတော့ "ခွေးတစ်ကောင်နဲ့ မတူတာကတော့ ကြွက်တစ်ကောင်ဟာ ဖြတ်သန်းသွားဖို့ မဖြစ်နိုင်တဲ့ အသေးငယ်ဆုံး နေရာတွေကိုပါ ဖြတ်သန်းသွားနိုင်ပါတယ်။ ပြီးတော့ အဲဒီ ကြွက်တွေဟာ အုတ်ပုံအပြိုအပျက်တွေရဲ့  အောက်ကနေ လမ်းကြောင်းရှာဖွေ သွားနိုင်ပြီး တပ်ဆင်ထားတဲ့ ဦးနှောက်လှုပ်ရှားမှု တွေဟာ အဲဒီနေရာမှာ လူရှိနေသလား ၊ အသက်ရှင်သေးသလား ဆိုတာကို သိနိုင်မှာ ဖြစ်တဲ့အတွက် လျင်မြန်စွာ ကယ်ဆယ်မှုတွေပြုလုပ်နိုင်သွားမှာပါ" လို့ ဆိုထားပါတယ်။
ထို ကြွက်တွေဟာ လက်ဖက်ခြောက်အရွက်တွေကိုပင် အနံ့က တဆင့် ခွဲခြားနိုင်တယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ ရုရှားနိုင်ငံက ထိုကြွက်တွေကို လက်တွေ့အသုံးချလာဖို့အတွက်တော့ အချိန်အတိုင်းအတာ တစ်ခုကို စောင့်ရဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ လက်ရှိမှာတော့ အနံ့ခံ ကြွက်တွေကို အာဖရိက ဒေသ အချို့ မှာ မြေမြှုပ်မိုင်း တွေ ရှာဖွေဖို့အတွက် အသုံးပြုနေပါပြီ။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment